Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် ဆွေးနွေးပွဲ မအောင်မြင်ဘဲပြီးဆုံးဟု TNLA ထုတ်ပြန်

တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်၌ ပြုလုပ်သည့် စစ်ကောင်စီနှင့်ဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ဆွေးနွေးခဲ့သည့် TNLAဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား။ ဓာတ်ပုံ - TNLA

People’s Spring

တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်၌ ပြုလုပ်သည့် စစ်ကောင်စီနှင့်ဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။

ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ကိုယ်စားလှယ်များနှင့် ကစထ(၁) မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့် စစ်ကောင်စီတပ် ကိုယ်စားလှယ် တို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ၏စီစဉ်ချက်အရ ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်တို့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆွေးနွေးပွဲတွင် နှစ်ဖက်တောင်းဆိုတင်ပြမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး၊ ဆွေးနွေးညှိနှိုင်းရန် ခက်ခဲသဖြင့် ဖေဖော်ဝါရီ ၁၇ရက် ညနေပိုင်းတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါသည်ဟု အသိပေးသည်။

ထို့အပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLFမှ ပစ်ခတ်တိုက်ခိုက်မှုများရပ်တန့်နိုင်ရန် အချက် (၃)ချက်ကိုသာ ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အဆိုပါအချက်များမှာ နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်နှင့် နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန် ဖြတ်သန်းသွားလာခွင့်ပြုရန်တို့ ဖြစ်သည်။

သို့သော် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုခက်ခဲသည့်အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။