Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ​ထောက်ခံမှု နဲ့ စိတ်ဓါတ်ပြင်းပြမှု​တော်လှန်​​ရေးအတွက်အ​​ရေးကြီးကြောင်း ဒုဗိုလ်မှူးကြီးစောဒါ​ဘော​ပြော

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

Screenshot

စက်တင်ဘာ-၄၊၂၀၂၆။​နေ့သစ်/People’s Spring

KNU/KNLA တပ်မဟာ(၆)၊တပ်ရင်း(၂၈)ဒုတိယဗိုလ်မှူးကြီး စောဒါဘော က ဒီက​နေ့မှာစစ်တပ်ထံက အလင်းဝင်လာတဲ့စစ်သား ၊ဖမ်းမိတဲ့စစ်သုံ့ပန်း ၊​ပေါ်တာဆွဲခံရပြီးစစ်တပ်ထဲပါသွားရာကထွက်​ပြေးလွတ်​မြောက်လာတဲ့သူ စုစု​ပေါင်း ၂၅ ဦးနဲ့ စကားဝိုင်းပြုလုပ်ခဲ့ပါတယ်။

“သေချာတာကတော့ ဘယ်လိုနည်းနဲ့မှ အသက်မရှင်နိုင်ဘူး။ ဒါကျွန်တော်ရဲရဲကြီး ကျွန်တော့် ဘဝ အတွေ့အကြုံနဲ့ အာမခံပြီး‌ ပြောရဲတယ်။ ဒါကြောင့်မိုလို့ ခင်ဗျားအသက်ရှင်ချင်ရင် ခင်ဗျားမိသားစုနဲ့ တစ်ချိန်ချိန်ကျ နွေးနွေးထွေးထွေးပြန်နေချင်ရင် ခင်ဗျားရုန်းထွက် ၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ရုန်းထွက်။သေချာတာတစ်ခုကတော့တော်လှန်ရေးဘက်ထဲရောက်လာရင်တော့ခင်ဗျားအတွက် အာမခံချက်အပြည့်အဝပေးနိုင်တယ်ဆိုတာတော့ ကျွန်တော်ရဲရဲကြီး အာမခံတယ်” လို့ ဒုတိယဗိုလ်မှူးကြီး စောဒါဘော ကစစ်သား​တွေအ​နေနဲ့ အလင်းမဝင်ရင် အသက်ဆက်မရှင်နိုင်ဘဲမိသားစုနဲ့သိုက်သိုက်ဝန်းဝန်းပြန်​နေချင်ရင်အလင်းဝင်ကြဖို့ စကားဝိုင်းကတဆင့်တိုက်တွန်းပါတယ် ။

အဓိကက ဒီလိုလေ။ ကျွန်တော်တို့က ဆိုရှယ်မီဒီယာမှာကြည့်မယ်ဆိုရင်လည်း ဝါဒဖြန့်တာတွေ အများကြီးတွေ့ရတယ်။ အထူးသဖြင့်က တပ်ထဲမှာရောက်လာတဲ့ ပစတိုင်း တပ်သားတိုင်း ၊ အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးတာပဲဖြစ်ဖြစ် ထွက်ပြေးလာတာပဲဖြစ်ဖြစ် ကျွန်တော်တို့က သူတို့နှုတ်မှာထွက်လာတဲ့ စကားတစ်ခွန်းအမြဲတမ်း ကြားရတယ်။ မင်းတို့က ဟိုကိုရောက်သွားရင် သတ်ပစ်မယ်။ သတ်တာတောင် ရိုးရိုးသတ်တာမဟုတ်ဘူး။ နှိပ်စက်ပြီးတော့မှသတ်မှာ ။ ဒါတွေက ကျွန်တော်အမြဲတမ်းကြားနေရတာ။

Public Service Announcement

Public Service Announcement

​နွေဦး​တော်လှန်​ရေးမှာ ​ကော်ဘရာစစ်​ကြောင်းနဲ့အတူ လူသိများလာတဲ့ ဗိုလ်ဒါ​ဘောက ဆက်လက်ပြီး “ကျွန်တော်တို့တော်လှန်ရေးလုပ်တာကလူသတ်ဖို့တော်လှန်ရေးလုပ်တာမဟုတ်ဘူး။ စနစ်ကိုမကြိုက်လို့ တော်လှန်‌တာ။ ကျွန်တော် ဒီကနေ့ ဒီအချိန်အထိ သစ္စာဆိုရဲတယ်။ ကျွန်တော်တိုက်ပွဲမှာ တိုက်ပွဲပေါင်းကို မရေတွက်နိုင်တော့ဘူး။ ငါးနှစ်အတွင်း တိုက်ပွဲတွေက အကြိမ်ကြိမ်မရေနိုင်တော့ဘူး။ ဒါပေမယ့် ကျွန်တော်ဖမ်းမိတဲ့ သုံ့ပန်းတိုင်း နောက်ဆုံး သုံ့ပန်းတောင်မဟုတ်ဘူးဗျာ၊ တိုက်ပွဲမှာ သူသေကိုယ်သေတိုက် ကျွန်​တော်လက်နဲ့ ကျွန်တော့်အမိန့်နဲ့ သတ်ခိုင်းတာတို့ နှိပ်စက်ခိုင်းတာတို့ မတရားချုပ်နှောင်ခိုင်းတာတို့ အခုချိန်အထိမရှိဘူး။ တိုက်ပွဲမှာရှိနေတဲ့ တပ်မှုး တပ်ဗိုလ်တစ်ယောက်အနေနဲ့ကတိသစ္စာဆိုရဲတယ်”လို့​ပြောပါတယ်။

စကားဝိုင်းမှာ​ စစ်တပ်ကိုအနိုင်ယူပြီးတော်လှန်​ရေး​အောင်ပွဲဆင်နိုင်ဖို့အတွက် အ​ရေးကြီးဆုံးမှာ ​တော်လှန်​ရေးအဖွဲ့​တွေရဲ့ စည်းလုံးညီညွတ်စွာနဲ့ ဘုံရန်သူကိုအတူတိုက်ခိုက်နိုင်ကြဖို့ဖြစ်​ကြောင်းလည်း​ပြောပါတယ်။ စစ်အုပ်စုကိုနိုင်​အောင်တိုက်ရန်မှာ မခက်ခဲဘဲ ​တော်လှန်​ရေးတပ်​တွေစည်းလုံးဖို့က ပိုခက်ခဲခဲ့ပြီး အတိတ်ကို သင်ခန်းစာယူပြီး စည်းလုံးညိညွတ်ကြဖို့​တော်လှန်​ရေးတပ်​တွေကိုလည်းတိုက်တွန်းခဲ့ပါတယ် ။

ဒါ့အပြင် ဇူလိုင်လမှစပြီး တိုက်ပွဲ​တွေပြင်းထန်​နေတဲ့ ဖလူး၊မင်းလက်ပံ​ဒေသတိုက်ပွဲ​တွေနဲ့ပတ်သက်ပြီး​တော့လည်း​ပြောခဲ့ပါတယ် ။စစ်တပ်ရဲ့ အမှတ်(၁၃)စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) ​အောက်ကတပ်ရင်း​တွေအပါအဝင် တပ်ရင်း​ပေါင်း ၂၀ နဲ့စစ်တပ်ကထိုးစစ်ဆင်​ပေမယ့် ဒုဗိုလ်မှူးကြီး စောဒါဘော ဦး​ဆောင်တဲ့ စစ်​ကြောင်း​တွေကို မထိုး​ဖောက်နိုင်ခဲ့ဘူးလို့​ပြောပါတယ် ။ သူဦး​ဆောင်တဲ့တပ်ရင်း ၆ ရင်းကို စစ်တပ်ရဲ့ တပ်ရင်း ၂၀ က မထိုး​ဖောက်နိုင်​ကြောင်းရှင်းပြပါတယ် ။

“စကခ ၁၃ တက်လာတဲ့တစ်လအတွင်းထဲမှာသိမ်းဆည်းရမိတဲ့လက်နက်က ၅၀ ​ကျော်သွားပြီ ။အ​လောင်း​တွေဆိုရင်​တော့မ​ပြော​တော့နဲ့ ဗိုလ်မှူး​တွေ ၊အရာရှိ​တွေအတုန်းအရုန်းပဲ ။ဒီအ​ပေါ်မှာ ကျွန်​တော့ဆီကို​ပြေးလာတဲ့ ​ပြေးတယ်ဆိုတာ တိုက်ပွဲဖြစ်ပြီး​တော့မှလွတ်ရာကျွတ်ရာ​ပြေးပြီး​တော့ကျွန်​တော်တို့ဆီ​ရောက်လာတာ​တွေရှိတယ် ။တိုက်ပွဲမှာဖမ်းမိတာ​တွေရှိတယ် ။ဒီတစ်လအတွင်းမှာအ​မြောက်အများရှိပါတယ် ။ဒါ​တွေကျွန်​တော်ချပြဖို့ရှိပါတယ်”လို့ ဆက်​ပြောပါတယ် ။

စစ်တပ်ကိုအခုလို​တော်လှန်တိုက်ခိုက်နိုင်တာဟာ ပြည်သူ​တွေရဲ့​ထောက်ခံမှု နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​​တွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ​ကြောင့်ဖြစ်တယ်လို့လည်း ဒုဗိုလ်မှူးကြီးစောဒါ​ဘော​ပြောပါတယ် ။

စစ်တပ်က အခု​နောက်ပိုင်း အဓမ္မစု​ဆောင်းထားတဲ့ ပြည်သူ့စစ်(ပစ)​တွေကိုပဲအဓိကအားကိုး​နေရပြီး မတရားဖိနှိပ်စု​ဆောင်းထားတဲ့ ပြည်သူ့စစ်​တွေမှာ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေဆီမှာလို့ စိတ်ဓါတ်ပြင်းပြမှုမရှိဘူးလို့သူက​ပြောပါတယ် ။

ဒုဗိုလ်မှူးကြီးစောဒါ​ဘော​နဲ့ တွေ့ဆုံ​ဆွေး​နွေးခဲ့သူ ၂၅ ဦး ထဲက စစ်သားအချို့က KNU နဲ့ ပူးပေါင်းပြီးစစ်အုပ်စုကို အမြစ်ပြုတ်တဲ့အထိပြန်လည်တိုက်ခိုက်သွားမယ်လို့ ပြောကြပါတယ်။

ဒုဗိုလ်မှူးကြီးစောဒါ​ဘော​ကအခုလိုစကားဝိုင်းမျိုး​အရင်ကလည်းလုပ်ဖူးပြီး အခုထပ်မံလုပ်တာဖြစ်ကာ စစ်သားသစ်စု​ဆောင်းခံရတဲ့လူငယ်​တွေရဲ့အခက်အခဲ​တွေ ၊စစ်တပ်လက်​အောက်မှာ ကိုယ်ဘဝကိုယ်မပိုင်​တော့တာ​တွေပိုသိလာရတယ်လို့​ပြောပါတယ်။ အခုလို​ဆွေး​နွေးတာက​နေ လူငယ်​တွေရဲ့အခက်အခဲ​တွေပိုသိလာရသလို စကားဝိုင်းက​နေတဆင့်စစ်သား​တွေ စစ်အာဏာရှင်လက်​အောက်ကလွတ်​အောင် ရုန်းထွက်ကြဖို့ နဲ့ ပြည်သူ​တွေထံကသတင်းစကား​တွေ မျှ​ဝေနိုင်လို့အကျိုးရှိတယ်လို့လည်း​ပြောပါတယ် ။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။