Connect with us

Hi, what are you looking for?

သတင်း

ဆင်ပေါင်ဝဲမြို့နယ်တွင် သာသ‌နာရေးကားဖြင့် ပုံဖျက်လာသည့် ရဲတပ်ဖွဲ့တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံး၊ လက်နက်များရ

သာသ‌နာရေးကားဖြင့် ပုံဖျက်လာသည့် ရဲတပ်ဖွဲ့ဝင်ငါးဦးကို မကွေးတိုင်း ၊ဆင်ပေါင်ဝဲမြို့နယ်၊ ကျောသာကျေးရွာနှင့်သပြေစမ်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း သရက်ခရိုင်အမှတ် (၅) တပ်ရင်းက ထုတ်ပြန်သည်။

သာသ‌နာရေးကားဖြင့် ပုံဖျက်ထွက်လာသည့် ရဲတပ်ဖွဲ့တိုက်ခိုက်ခံရအပြီး တွေ့ရစဉ်

ကဖေး/People’s Spring

သာသ‌နာရေးကားဖြင့် ပုံဖျက်လာသည့် ရဲတပ်ဖွဲ့ဝင်ငါးဦးကို မကွေးတိုင်း ၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောသာကျေးရွာနှင့်သပြေစမ်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း သရက်ခရိုင်အမှတ် (၅) တပ်ရင်းက ထုတ်ပြန်သည်။

ဆင်ပေါင်ဝဲမြို့နယ်မှ ဒုရဲအုပ်ရန်နိုင်ဌေး ဦးဆောင်သည့်ရဲတပ်ဖွဲ့ကို သရက်ခရိုင် အမှတ်(၅)တပ်ရင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ပုဏ္ဏဝတီတို့က ဖေဖော်ဝါရီ၂၄ရက်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပထမဦးစွာ လမ်းဘေးမှချုံခိုတိုက်ခိုက်ပြီးနောက် လမ်းပေါ်ပက်လက်လန်သွားသည့် ကားနောက်သို့ ရဲဘော်များက လိုက်လံပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော်များက ညာသံပေး၍ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်ဟု သရက်ခရိုင်အမှတ်(၅)တပ်ရင်းက ထုတ်ပြန်သည်။

တိုက်ပွဲကြာချိန် မိနှစ်သုံးဆယ်ကြာမြင့်ခဲ့ပြီး 79 သေနတ်တစ်လက်၊ MA.13တစ်လက်၊ ခြောက်လုံးပြူးသေနတ်တစ်နှင့် ကျည်များသိမ်းဆည်းရမိခဲ့သည်ဟု သရက်ခရိုင် အမှတ်(၅) တပ်ရင်းက ထုတ်ပြန်ထားသည်။

“မြေလတ်သားတွေ သမထားတဲ့ပွဲ။ ရှယ်ပဲ” ဟု ဆင်ပေါင်ဝဲမြို့ခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၇ရက်ကလည်း ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းတွင် စစ်ကောင်စီ​၏ ကားနှစ်စီးကို PDFပူးပေါင်းတပ်များက တိုက်ခိုက်ရာ လေးဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ပုဏ္ဏ၀တီက ဖေဖော်ဝါရီ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်းကာလမှာ ရဲတွေဟာ အင်မတန်မှ မလူးသာမလွန့်သာ ရှိခဲ့ရတယ်။ အကြောင်းကတော့ လာဘ်စားဖို့ ယခင်စစ်တပ်အုပ်ချုပ်စဥ်ကာလတွေလောက် အခြေအနေ မကောင်းကြတော့လို့ပါပဲ။

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံမှာ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မှုကို မကျေနပ်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းရာက လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြီးတော့ ပြဿနာတွေ အရမ်းပြင်းထန်လာတဲ့နောက် အစိုးရဟာ အဲဒီ ပိတ်ပင်မှုကိုလည်း ရုပ်သိမ်းပေးခဲ့ရပါတယ်။