Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ ရေဘေးသွားလှူသူတွေကို နေအိမ်ချိပ်ပိတ်မယ်လို့ ရဲတပ်ဖွဲ့ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

(ရွှေဘိုမြို့နယ်က အကူအညီလိုအပ်နေတဲ့ ရေဘေးသင့်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုမြို့နယ် သပိတ်အင်အားစု)

သြဂုတ် ၁၁၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

ရွှေဘိုမြို့ကနေ ရေဘေးသွားလှူဖို့ ပြင်ဆင်နေသူတွေနဲ့ ရေဘေးသွားလှူမယ့်အကြောင်း ရဲတပ်ဖွဲ့ရုံးမှာ ကြိုတင် ခွင့်သွားတောင်းတဲ့သူတွေကို ခရိုင်ရဲမှူးက နေအိမ်ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

“ရွှေဘိုခရိုင်ရဲမင်းကြီးကမြို့ထဲကနေ ရေဘေး သွားကူမယ့်သူတွေကို အကြမ်းဖက်အားပေးမှုမြောက်တာဖြစ်တဲ့ အတွက် နေအိမ်တွေ ချိပ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ သိရတယ်”လို့ ရွှေဘိုမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ခြိမ်းခြောက်မှုတွေကြောင့် ရွှေဘိုခရိုင်က ရေဘေးသင့်ဒေသတချို့မှ ရေဘေး အလှူရှင် မရှိသလောက် နည်းပါးသွားတယ်လို့ ရေဘေးကူညီသူအချို့က ပြောပါတယ်။

“လက်ရှိအချိန်ထိမြို့ထဲက ဘယ်အဖွဲ့အစည်းမှ လှူဒါန်းဖို့ ကူညီကယ်ဆယ်ဖို့ မလာသေးပါဘူး”လို့ ရေဘေးသင့်ဒေသက ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့လက်အောက်ခံဖြစ်တဲ့ ရေဘေးသင့်ပျူစောထီးရွာတချို့ကိုတော့ ရဟတ်ယာဥ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဥ် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆည်ရေတွေ

ဖောက်ထုတ်တာတွေကြောင့် ရေကြီးရေလျှံကာ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့က မြို့နယ်ပေါင်း ၁၇ ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီး လူဦးရေ ၄၄၁,၇၈၈ ဦးခန့် ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၁၀ရက်အထိ ဆန်းစစ်ချက်တွေအရ စစ်ကိုင်းတိုင်းအတွင်း အင်းတော်မြို့နယ်မှာ ရေပြန်ကျဆင်းနေပြီး စစ်ကိုင်းမြို့နယ်၊ ကလေးမြို့နယ်နဲ့ မြောင်မြို့နယ်တွေက ကျေးရွာအချို့မှာ ရေဝင်ရောက်နေတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်တဲ့ အရေးပေါ် တုံ့ပြန်မှုလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ အထက်ပါဌာနက အသိပေးပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ရပ်ကွက်တချို့မှာလည်း​ ရေဝင်ရောက်နေပြီး ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ် ရွှေ့ပြောင်းတာ၊ ယာယီနေရာချထားတာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

လာမယ့် ဩဂုတ် ၁၃ ရက်မှာလည်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအား နည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ထိုင်းနိုင်ငံဘက်မှ မုတ်သုံအားမြှောင်တန်းဟာ မြန်မာနိုင်ငံ ဘက်သို့ ရွေ့လျားမှာဖြစ်လို့အနောက်တောင်မုတ်သုံလေဟာ အားကောင်းရာကနေ အားအလွန်ကောင်း နိုင်တယ်လို့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ ၎င်းတို့ရဲ့ မြစ်လက်တက်တွေမှာ မြစ်ရေ ဆက်တိုးနေပြီး မိုးသည်းထန်စွာရရင် ရေထပ်မံ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိတဲ့ မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းဒေသတွေက မြို့နယ်တွေနဲ့ ကျေးရွာတွေအနေနဲ့ မိုးလေဝသအခြေအနေတွေကို အထူးသတိပြုနေထိုင်ကြဖို့နဲ့ လိုအပ်ပါက ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြဖို့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။