Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းသင်တန်းပို့ရန်ခေါ်ဆောင်လာသည့် စစ်ကောင်စီရေယာဥ်အား လောင်းလုံးပကဖ တိုက်ခိုက်

စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးထားသူများအား စစ်သင်တန်းပို့ရန်ခေါ်ဆောင်ပြီး ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ကွန်တိန်နာသင်္ဘောတစ်စီးအား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ရဲဘော်များ စစ်ကောင်စီရေယာဉ်အား တိုက်ခိုက်နေစဉ်

ကျော်ဇော/People’s Spring

စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးထားသူများအား စစ်သင်တန်းပို့ရန်ခေါ်ဆောင်ပြီး ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ကွန်တိန်နာသင်္ဘောတစ်စီးအား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတ်လ ၄ ရက် ညနေ ၄နာရီခွဲခန့်က စစ်မှုထမ်းရန်အတွက် သင်တန်းတက်ရောက်ရန် ခေါ်ဆောင်လာသော ကွန်တိန်နာသင်္ဘောသည် ထား၀ယ်မြို့မှတဆင့် မြစ်ကြောင်းအတိုင်း စုန်ဆင်းလာစဉ် လောင်းလုံး(ပကဖ)နှင့် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DDT)တို့ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ကျနော်တို့ မျက်စိနဲ့မြင်ရတာတော့ ၄၀ လောက်တော့ ရှိမယ်ဗျ။ ရှိနိုင်တယ်ဗျ ထိခိုက်သေဆုံး။ သတင်းတော့ ကျနော်တို့ စုံစမ်းနေဆဲပါဗျ”ဟု လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားများသည် ထားဝယ်မြို့နယ်အ တွင်းမှ လူငယ်များအား စစ်ထမ်းသင်တန်းသို့ပို့ရန် အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးကာ ရေကြောင်းမှတဆင့် ပုလောမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၁၂) တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်သင်တန်း ပေးနေခြင်းဖြစ်ရာ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

“ပြန်လည်ပစ်ခတ်တာ ရှိပါတယ်။ အနီးကပ်ဆိုတော့ ဒီဘက်က ပစ်အားကောင်းလို့ တစ်ချက်နှစ်ချက်ပဲ ပြန်ပစ်လိုက်နိုင်တယ်ဗျ”ဟု စစ်ကောင်စီတပ်ဘက်မှ အခြေအနေကို လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူက ရှင်းပြသည်။

ယခုနောက်ပိုင်းတွင် စစ်ကောင်စီက ထားဝယ်မြို့ပေါ်၌ စစ်မှုထမ်းကိစ္စလူသစ်စုစောင်းရာတွင် တစ်ရပ်ကွက်လျှင် ငါးဦးနှုန်းလူရှာပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ညွှန်ကြားထားရာ ရပ်ကွက်အလိုက်ရရှိလာမည့် သင်တန်းသားသစ်များအား အမှတ်(၁၂)သင်တန်းကျောင်းသို့ ထပ်မံပို့ဆောင်ရန် ရှိနေသေးသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

ထို့ကြောင့် ထား၀ယ်မြစ်ကြောင်းအတွင်း ရေကြောင်းအသုံးပြုသွားလာ‌နေသည့် ရန်သူများအား အချိန်မရွေး၊ နေရာမရွေး ပစ်မှတ်ထားတိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်၍ မြစ်ကြောင်းအတွင်းသွားလာကြမည့် တံငါသည်များနှင့် ငါးဖမ်းစက်လှေများအနေဖြင့် စစ်ကောင်စီနှင့် ပက်သက်ခြင်း၊ ရန်သူတပ်သားများအား တင်ဆောင်သွားလာခြင်းများ မပြု လုပ်ကြရန် လောင်းလုံးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပကဖ)မှ သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။