Connect with us

Hi, what are you looking for?

သတင်း

ပင်လုံမှာ စည်ပင်ဝန်ထမ်းရဲ့ အမျိုးသား စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

အောက်တိုဘာ ၁၀၊ ၂၀၂၆။ ဇေအောင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

လွိုင်လင်ခရိုင်က ရုံးအဆောက်အဦးဝင်းတစ်ခုမှာ အောက်တိုဘာ ၈ ရက်က စစ်တပ်လက်အောက်ခံ ပျူစောထီးခေါ် ပြည်သူ့စစ်တွေက အမျိုးသား ၁ဦးကို ကားပေါ်ဆွဲတင်နေတဲ့ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အမျိုးသားဖြစ်သူကို ဖမ်းဆီးသွားလို့ ၎င်းရဲ့အမျိုးသမီးဆိုသူဟာ ငိုကြွေးရင်း လိုက်လံတောင်းပန်နေတာကိုလည်း ရုပ်သံမှာ မြင်တွေ့ရပါတယ်။

“ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ရပ်ကွက်၂ စည်ပင်တန်းလျားမှာပါ။ စည်ပင်ဝန်ထမ်းမလေးရဲ့ ယောကျာ်းပါ”လို့ ဖြစ်စဥ်ကို သိမြင်လိုက်သူ ဒေသခံတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသူရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ပင်လုံံမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ​တွေဟာ နေ့ခင်းမှာတင် လူနေရပ်ကွက်တွေထဲ နေအိမ်ပေါ်အထိတက်ကာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု အောက်တိုဘာမှာ လုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၂၉)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ်သစ်စတင်ချိန် တိုင်း ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ခပ်စိတ်စိတ်ဖြစ်လေ့ရှိပြီး အခုလထဲမှာတော့ လမ်းမပေါ်တွေမှာ ဖမ်းဆီးတာတွေ လုပ်လာတာကြောင့် သတိထားကြဖို့ မြေပြင်သတင်းတွေဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ပေါ်တာဆွဲမှုတွေရှိနေပြီး လူငယ်နဲ့လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားတဲ့ လူပြန်ပေးဂိုဏ်းတွေပါ ပေါ်ပေါက်နေကြောင်း ဘုန်းသုဆိုတဲ့ မဘသဘုန်းကြီးက ပြောပါတယ်။

သတင်း

စစ်တပ်က စာမတတ်ပေမတတ်တဲ့ ပြည်သူ့စစ်တွေ မွေးထုတ်ထားဟု ဒေါ်စောယုမာပြော

သတင်း

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

Facebook