Connect with us

Hi, what are you looking for?

သတင်း

ဇွဲကပင်တောင် တောမီးလောင်​နေ

ကရင်ပြည်နယ် ၊ဘားအံမြို့မှ နာမည်ကျော် ဇွဲကပင်တောင်တွင် ယနေ့ မတ်လ ၂၃ရက်ညနေမှစ၍ တောမီးလောင်ကျွမ်းပြီး ညအထိ ဆက်လောင်နေသည်။

ဇွဲကပင်​တောင်မီး​လောင်​နေသည်ကိုမတ် ၂၃ ရက်ညက​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

မတ်-၂၃၊၂၀၂၅။စောတာရာ/People’s Spring

ကရင်ပြည်နယ် ၊ဘားအံမြို့မှ နာမည်ကျော် ဇွဲကပင်တောင်တွင် ယနေ့ မတ်လ ၂၃ရက်ညနေမှစ၍ တောမီးလောင်ကျွမ်းပြီး ညအထိ ဆက်လောင်နေသည်။

ဇွဲကပင်တောင်မှ ဝိဇ္ဇာညီနောင် နှင့် နွားလဘို့လျှိုထဲမှ ညနေ ၃နာရီခန့်တွင် စတင်းလောင်ကျွမ်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အခုထိလောင်နေတယ်။မီးပိုများလာတယ်။တောင်ပေါ်ကို ဖုန်းဆက်တာလည်း မရဘူးဖြစ်နေတယ်။အဝေးကလှမ်းမြင်ရတာ ကြောက်စရာပဲ”ဟု ယင်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေသခံက လူမှုကွန်ရက်တွင် တင်ထားသည့် ဓာတ်ပုံ၌ တောမီးမှာ မီးများနေသည်ကို တွေ့ရသည်။

ဇွဲကပင်တောင်သည် ၂၃၇၂ ပေအမြင့်ရှိပြီး ခရီးသွားများအပြားလာရောက်လေ့လာလည်ပတ်သည့်နေရာဖြစ်သည်။ နှစ်စဉ်တောမီးလောင်ကျွမ်း​​​လေ့ရှိပြီး ယခုမီးလောင်ကျွမ်းမှုသည် ဆိုးရွားနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။ ညနေ ၃နာရီခန့်မှစတင်လောင်ကျွမ်းခြင်းဖြစ်သော်လည်း မတ်လ ၂၃ ရက်ည ၉နာရီခန့်အထိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

တောင်ပေါ်တွင် တောင်တက်ခရီးသွားအချို့ရှိနေပြီး ၎င်းတို့၏အခြေအနေကိုမသိရသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေ-စုကလိလမ်းပိုင်းတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။