Connect with us

Hi, what are you looking for?

သတင်း

ကရင်ပြည်နယ်နေရာအချို့ကစစ်ရေးအခြေအနေ

ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေ-စုကလိလမ်းပိုင်းတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ်။

KNU တပ်ဖွဲ့ဝင်အချို့ စစ်ရေး လှုပ်ရှားနေပုံ ( ပုံဟောင်း) ဓာတ်ပုံ - KNU

ဇွန် – ၂၆ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေ-စုကလိလမ်းပိုင်းတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ်။

KNU မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေအတွင်းကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ ဖာပွန်ဗျုဟာအပါအဝင်သိမ်းပိုက်ခံထားရတဲ့ တပ်ရင်းတွေ၊ စခန်းတွေအားလုံး ပြန်လည်ရယူနိုင်ဖို့အတွက်ပြီးခဲ့တဲ့ မေလကတည်းက စစ်တပ်ကကမမောင်းမြို့ကနေ ထိုးစစ်ဆင်နေရာလက်ရှိမှာကတိုင်တိရွာအနီးမှာ ရောက်ရှိနေပြီလို့သိရပါတယ်။

အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ်(၁၀၁၄)တပ်ရင်းနဲ့ ဗိုလ်ဘိဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)တပ်ဖွဲ့ဝင်တွေက လမ်းပြပို့ဆောင်ပေးတယ်လို့ BGF သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကြောင်းကကတိုင်တိနားရောက်လာပြီ ၊ခေါင်းပေါင်းဝါ(DKBA)တို့ BGF တို့က လိုက်ပို့ပေးတယ်လေ၊(လက်နက်ကြီး)အသံတွေက အမြဲကြားနေရတယ်” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကဘောကျို့ထရွာသား ၃၂ ဦးကို ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားပြီး အဲဒီအထဲမှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ KNU မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က KIC ကရင်သတင်းစဉ်ကို ဖြေကြားထားပါတယ်။

မြ၀တီခရိုင်၊ထိုင်း-မြန်မာနယ်စပ်ဖလူး၊မင်းလက်ပံဒေသမှာလည်းစစ်တပ်စစ်ကြောင်းတွေကလအတန်ကြာတဲ့အထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် ဖလူး၊ မင်းလက်ပံရွာတွေကို မကျော်နိုင်သေးသလို နယ်စပ်ဝေါ်လေမြို့နားက စစ်တပ်ဗျူဟာကုန်းကို KNU ပူးပေါင်းတပ်တွေက ဆက်လက်ဝိုင်းရံပြီး ပိတ်ဆို့တိုက်ခိုက်နေဆဲပါ။

ဝေါ်လေဗျူဟာကုန်းမကျဖို့အတွက်စစ်တပ်ကလေကြောင်းအားပြုပြီး ခုခံခဲ့တယ်လို့သိရပါတယ်။

မြ၀တီမြို့တောင်ဘက်မင်းလက်ပံရွာနဲ့ ဖလူးကျေးရွာတွေကိုသိမ်းပိုက်နိုင်ရေးအတွက်စစ်တပ်နဲ့အတူ ဗိုလ်ဘိဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)တို့ ပူးပေါင်းပြီး စစ်ကြောင်းထိုးမယ်လို့ သိရ​ကြောင်းကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မင်းလက်ပံနဲ့ ဖလူးဒေသမှာ ဇွန်လ ၂၂ ရက်နေ့ကတိုက်ပွဲတွေဖြစ်ပွားခဲ့ရာလက်နက်ကျည်တချို့ထိုင်းနိုင်ငံဘက်ကျရောက်ခဲ့တာကြောင့် ထိုင်းစစ်တပ် ကနယ်စပ်ဒေသကို လုံခြုံရေးတင်းကျပ်ထားပြီး စာသင်ကျောင်းတွေလည်း ပိတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

Facebook