Connect with us

Hi, what are you looking for?

သတင်း

ဇွဲကပင်တောင် တောမီးလောင်​နေ

ကရင်ပြည်နယ် ၊ဘားအံမြို့မှ နာမည်ကျော် ဇွဲကပင်တောင်တွင် ယနေ့ မတ်လ ၂၃ရက်ညနေမှစ၍ တောမီးလောင်ကျွမ်းပြီး ညအထိ ဆက်လောင်နေသည်။

ဇွဲကပင်​တောင်မီး​လောင်​နေသည်ကိုမတ် ၂၃ ရက်ညက​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

မတ်-၂၃၊၂၀၂၅။စောတာရာ/People’s Spring

ကရင်ပြည်နယ် ၊ဘားအံမြို့မှ နာမည်ကျော် ဇွဲကပင်တောင်တွင် ယနေ့ မတ်လ ၂၃ရက်ညနေမှစ၍ တောမီးလောင်ကျွမ်းပြီး ညအထိ ဆက်လောင်နေသည်။

ဇွဲကပင်တောင်မှ ဝိဇ္ဇာညီနောင် နှင့် နွားလဘို့လျှိုထဲမှ ညနေ ၃နာရီခန့်တွင် စတင်းလောင်ကျွမ်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အခုထိလောင်နေတယ်။မီးပိုများလာတယ်။တောင်ပေါ်ကို ဖုန်းဆက်တာလည်း မရဘူးဖြစ်နေတယ်။အဝေးကလှမ်းမြင်ရတာ ကြောက်စရာပဲ”ဟု ယင်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေသခံက လူမှုကွန်ရက်တွင် တင်ထားသည့် ဓာတ်ပုံ၌ တောမီးမှာ မီးများနေသည်ကို တွေ့ရသည်။

ဇွဲကပင်တောင်သည် ၂၃၇၂ ပေအမြင့်ရှိပြီး ခရီးသွားများအပြားလာရောက်လေ့လာလည်ပတ်သည့်နေရာဖြစ်သည်။ နှစ်စဉ်တောမီးလောင်ကျွမ်း​​​လေ့ရှိပြီး ယခုမီးလောင်ကျွမ်းမှုသည် ဆိုးရွားနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။ ညနေ ၃နာရီခန့်မှစတင်လောင်ကျွမ်းခြင်းဖြစ်သော်လည်း မတ်လ ၂၃ ရက်ည ၉နာရီခန့်အထိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

တောင်ပေါ်တွင် တောင်တက်ခရီးသွားအချို့ရှိနေပြီး ၎င်းတို့၏အခြေအနေကိုမသိရသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ရွာအခြေစိုက် အမှတ် (၃၁၈) အမြောက်တပ်ရင်းကနေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၆) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။