Connect with us

Hi, what are you looking for?

ကဗျာ

‘အိမ်ကလေးတလုံးကျပျောက်သွားတော့’

အချိန်တွေဆုတ်ယုတ်သွားတဲ့အကျိုးအပဲ့နှစ်တွေ
ထမင်းပေါင်းအိုးကိုဖွင့်တော့ ဖန်ခွက်ရှည်မျောမျောပဲတွေ့
မှိုတက်နေတဲ့ ဦးဏှောက်ကိုအလုပ်ပေးတော့မှ
ငါ့ခြေမကလေး ခလုတ်တိုက်ရင်တော့ အမေရေလို့
မယောင်တတ်တော့ပြီ။

ဂနိုက်

အချိန်တွေဆုတ်ယုတ်သွားတဲ့အကျိုးအပဲ့နှစ်တွေ
ထမင်းပေါင်းအိုးကိုဖွင့်တော့ ဖန်ခွက်ရှည်မျောမျောပဲတွေ့
မှိုတက်နေတဲ့ ဦးဏှောက်ကိုအလုပ်ပေးတော့မှ
ငါ့ခြေမကလေး ခလုတ်တိုက်ရင်တော့ အမေရေလို့
မယောင်တတ်တော့ပြီ။
ကလေးတယောက်လက်ထဲက လွတ်သွားတဲ့ပူပေါင်းလို
ငါတို့ဟာတကယ်ပဲအိမ်ကလေးဆီကပြေးထွက်လာခဲ့ပေါ့
ရုတ်တရက်
*အိမ်ကိုမင်းလွမ်းနေသားနဲ့တေပေပြီး အခုလောက်ထိတော့မင်းမခွဲစဖူး
ဆိုပြီး ကီးကြောင်ကြောင်အသံက ငါ့ကိုနှောင့်ယှက်
၇ နှစ်လုံးလုံးဝေးခဲ့တဲ့ အိမ်ကလေးဆီ
ကြိုးကြာငှက်လေးပြန်ရောက်နိုင်တော့ပါမလား
မိသားစုရဲ့အရိပ်အယောင်ကို နေပူထဲလိုက်နင်းရင်း
နေထွက်ကာစ မြေသားလမ်းမပေါ်က
သစ်ရွက်ခြောက်အပြည့်နဲ့အိမ်ကလေးကိုသတိရ
ဝေးခဲ့တဲ့ ရာသီတွေအကြောင်းနဲ့ကြုံရတဲ့အခက်အခဲတွေ
အဖေ့ကိုပြောပြချင်လှပြီ။
အမေကတော့
ဝရံတာကဖြတ်သွားတဲ့
အိမ်တန်းပြန်ငှက်ကလေးတွေကိုကြည့်ရင်း
အငယ်ကောင်အိမ်ပြန်နောက်ကျပြန်ပြီးဆိုပြီး
စက်ပိတ်ထားပါတယ်ရှင်ပဲဖြေနေတဲ့ ဖုန်းနံပတ်ကို
တကြိမ်ပြီးတကြိမ်ခေါ်နေမှာပဲ။
သောကြာနေ့ညနေတွေတိုင်း အေးတောင့်နေတဲ့
ဘီယာခွက်ဘေးကရေသီးတွေကိုကြည့်ရင်း
ချစ်သူကို စိတ်ကောက်နေသလို
ငါ့အကိုဟာ တောက်တခတ်ခတ်နဲ့ ငါ့ကိုမျှော်နေမှာ။
နောက်ဆုံးကမူခင်းသတင်းတွေဆီတဖျပ်ဖျပ်လှန်ဖတ်
နိုင်ငံပိုင်ရုပ်သံလိုင်းကို ခံစားချက်မရှိဖွင့်
အချိန်ကျော်သွားမှသက်ပြင်းချပြီး
မျက်မှန်ကိုစားပွဲပေါ်ပစ်တင်လိုက်
ဧည့်ခန်းမှာဦးတည်ရာမရှိထလျှောက်လိုက်နဲ့ အဖေ့ကို
အားနာလိုက်တာ။
ကိုယ့်ကိုကိုယ်အန်ချလိုက်တော့မှ
မျက်ရည်ဟာ ထိန်းမရတော့ဘူး
အိမ်ကိုလှမ်းခေါ်လို့မရလို့ အိမ်ဆီအသွား
အိပ်မက်ကလန့်လန့်နိုးလာရတဲ့အဖြစ်
ညတွေဟာ
ညဉ့်နက်တဲ့အထိ ခြံတံခါးကို
တမျှော်မျှော်နဲ့စောင့်နေတဲ့ငါ့မိသားစုဝင်တွေကိုမှအားမနာ
မညှာမတာပဲ အညိုအမည်းစွဲထဲအထိ လေးလံနေတုန်း။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ဂနိုက်’
​ရေးဖွဲ့တဲ့ “အိမ်ကလေးတလုံးကျပျောက်သွား​တော့” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...