ခွန်းနီ
မရည်ရွယ်ဘဲ
ဖိနပ်တရံဝယ်ခဲ့တယ်။
လာ သူငယ်ချင်း
မင်းနဲ့ငါက
အရွယ်တူ
ဘဝတူ
ဖိနပ်ဆိုဒ်ပါလာတူနေတော့
ငါတို့အတူတူစီးကြတာပေါ့
မပြီးဆုံးသေးတဲ့
ဒီတော်လှန်ရေးခရီးဝယ်
မင်းကဘယ်ဘက်ကိုစီး
ငါကညာဘက်ကိုစီးမယ်
ဒါဆို ကြီးကျယ်တဲ့အောင်ပွဲဆီ
ဒီဖိနပ်ကလေးနဲ့ချီကြမယ်

Public Service Announcement
ဖိနပ်ကတရံ
လူကနှစ်ယောက်ဆိုပေမဲ့
အတိုင်အဖောက်ကညီပါတယ်
တယောက်တဖက်စီးလို့
တို့ခရီးကိုဆက်ကြအုံးစို့လေ
လာ သူငယ်ချင်း
မရှိတော့တဲ့ခြေထောက်တဖက်အတွက်
ဘာမှယောက်ယက်ခတ်မနေနဲ့
တဖက်တည်းကျန်လဲ
လောကဓံကိုငါတို့ကန်နိူင်သေးတယ်
အများအတွက်
ငါတို့ခြေထောက်တွေပေးဆပ်ခဲ့တာပဲ
မြတ်ပါတယ် ။ ။
(မှတ်ချက်။ ။ နွေဦးတော်လှန်ရေးအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ သူရဲကောင်းရဲဘော်များအား ဂုဏ်ပြုရေးသားခြင်းဖြစ်ပါတယ်)
(The Call -ခေါ်သံ “အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ ရေးဖွဲ့တဲ့ “ဖိနပ်တရံရဲ့ရာဇဝင်”ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

















































