Connect with us

Hi, what are you looking for?

ကဗျာ

ကဗျည်းထိုးရမယ့်ကြဲ​တွေ

▪︎ဂျွန်မိုး​ရေ

ဆူးလေမှာ ဓာတ်ဖမ်းတယ်
Focus က မပြတ်ဘူး။

အင်းလျားမှာ ဓာတ်ဖမ်းတယ်
Focus က မပြတ်ပြန်ဘူး။

ငါ ညစ်နေတာ ဒီမနက် အိပ်ယာထမှတဲ့လား
ရန်ကုန်မှာ ရန်မကုန်သမျှတော့
ရန်ကုန်ဟာ သူပုန်
မြို့လုံးကျွတ် သူပုန်။

Public Service Announcement

Public Service Announcement

သေနတ်မှမရှိရင် အသက်မရှိတတ်တဲ့ကောင်တွေက
ထ ထ ဟောင်တယ်
နွေဦးကို သွေးကြောင်မယ် အထင်နဲ့။

ဒင်းတို့ရဲ့ဟောင်သံတချက်တိုင်းမှာ
ငါတို့က အောင်လံထူတော့
ကြိုးတွေသာ ဆွေးသွားမယ်
ဒေါက်ဖြုတ်လဲ
အောက်ပြုတ် မကျခဲ့ဘူး။

ကျည်တွေသာ အသွားမယ်
မောင်းဖြုတ်လဲ
နောက်မဆုတ်ခဲ့ကြဘူး။

ကြယ်မှန်ရင် သွေးမကြဲတတ်တာမို့
ခြွေတိုင်းမကြွေ
ခြေတိုင်း မကြေ၊
ခြွေသမျှ ဝေပြနေတဲ့ ကြယ်တွေကို
အာဇာနည် ကဗ္ဗည်းထိုးဖို့
ကြယ်တွေရဲ့အမည်ကို ရေရွတ်
နွေဦးရဲ့ ဂုဏ်တော်မှာ
ငါတို့ Focus ဖြတ်ကြမယ်။ ။

(The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ’ဂျွန်မိုး​ရေ’ ရေးဖွဲ့တဲ့ “​​ကဗျည်းထိုးရမယ့်ကြဲ​တွေ”ကဗျာ ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...