Connect with us

Hi, what are you looking for?

သတင်း

ညီနောင်မဟာမိတ် သုံးဖွဲ့က အပစ်ရပ်ကာလ တစ်လထပ်တိုး​ကြောင်း​ကြေညာ

ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေး၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁) လ သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။

ဇွန်-၂၊၂၀၂၅။ ထားမြတ်/People’s Spring

ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေး၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁) လ သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။

မတ်လ ၂၈ ရက်က လှုတ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြောင့် ပြည်သူလူထုများစွာ အသက်အိုးအိမ်စည်းစိမ်ပျက်စီးခဲ့ရသည့် အခြေအနေတွင်တအာင်းတပ်မတော်(TNLA)၊ကိုးကန့်တပ်မတော်(MNDAA)၊အာရက္ခတပ်တော်(AA)တို့၏ ညီနောင်မဟာမိတ် သုံးဖွဲ့က ဧပြီလမှစ၍ အပစ်ရပ်စဲရေး ကြေညာခဲ့ကာ ခုခံကာကွယ် တုံ့ပြန်မှုမျိုးမှလွဲ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ​ကြေညာခဲ့သည်။

ငလျင်ဘေး ကယ်ဆယ်ရေး ၂ လ ကြာသည့်တိုင် ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု မရှိသည့်အပြင် မိုးသည်းထန်စွာရွာသွန်း၍ အဆောက်အအုံများ ထပ်မံပြိုကျ ပျက်စီးမှုများရှိနေ သေးကြောင်း ကြားသိရ၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး ဇွန်လ ၂ ရက်မှ ၃၀ရက်အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်ကာလအား ထပ်မံ၍ သက်တမ်း တိုးလိုက်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခု ကဲ့သို့ ထုတ်ပြန်ကြေညာလိုက်သည့်အချိန်မှစ၍ ညီနောင်မဟာမိတ် (၃) ဖွဲနှင့် စစ်ကောင်စီတို တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံပြန်မှု မျိုးမှလွဲ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးသည်။

အာဆီယံအပါအဝင် နိုင်ငံတကာက အပစ်ရပ်ကာလထပ်မံတိုးမြှင့်ရန် တိုက်တွန်းမှုများရှိ​နေစဥ်စစ်​ကောင်စီ ​မေ ၃၁ ရက် နှင့် ညီ​နောင်မဟာမိတ် ၃ ဖွဲ့က ဇွန် ၂ ရက်တွင် အပစ်ရပ်ကာလထပ်တိုး​ကြောင်း အသီးသီး​ကြေညာခဲ့ခြင်းဖြစ်သည်။ ညီ​နောင် မဟာမိတ် ၃ ဖွဲ့က ​ကြေညာချက်ကို မြန်မာ ၊အဂ်လိပ် နှစ်ဘာသာဖြင့် ​ကြေညာသည်။ညီ​နောင်မဟာမိတ်သုံးဖွဲ့ နှင့် စစ်​ကောင်စီတို့မှာ အပစ်ရပ်​ကြေညာ​သော်လည်း AA နှင့် စစ်​ကောင်စီမှာ ​ကျောက်ဖြူ မြို့နယ် ၊ TNLA နှင့် စစ်​ကောင်စီမှာ​နောင်ချိုမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွား​နေပြီး MNDAA နှင့်သာ တိုက်ပွဲမဖြစ်ခြင်းဖြစ်သည်။

စစ်ကောင်စီကလည်း ဇွန်လကုန်အထိ အပစ်ရပ်စဲကြောင်း​ကြေညာ​သော်လည်း ထိုသို့ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပင် ဇွန် ၁ ရက်​​နေ့က မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တို့ရှိ နေရာ ၃နေရာကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ အမျိုးသမီး ၃ဦး ဒဏ်ရာရခဲ့သည်။

ထို​ကြောင့်စစ်ကောင်စီက အပစ်ရပ်သက်တမ်းတိုးကြောင်းကြေညာထားသော်လည်း လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် စစ်ကောင်စီ၏ ဝါဒဖြန့်မှုကို ပြည်သူများ မယုံကြရန် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး ဌာနတာဝန်ခံက ပြောကြားသည်။

“စကစ သူတို့ အပစ်အခတ်ရပ်တာ သက်တမ်းတိုးမယ်လို့ ပြောပေမယ့်လည်း သူတို့ စပြီးအပစ်အခတ်ရပ်စဲမယ်လို့ ပြောကတည်းကလေကြောင်းဆက်တိုက်ကြဲလာတာပဲ။ သူတို့ရဲ့ ပြောစကားတွေကို ပြည်သူတွေကို ယုံကြည်ခြင်းမရှိဘဲနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ လေကြောင်း သတိပေးချက်တွေကို လိုက်နာကြမယ်။ ပြီးတော့ ဗုံးခိုကျင်းတွေ ခိုင်ခိုင်မာမာ တူးထားကြမယ်လို့တော့ ပြည်သူတွေကို ပြောချင်တယ်။ ပြည်သူတွေအနေနဲ့ စကစရဲ့ ဝါဒဖြန့်ချိမှုတွေ မဟုတ်တမ်းတရား ပြောတဲ့ စကားတွေကို မယုံကြည်ဖို့ လိုမယ်ဗျ” ဟု ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။

ထိုအပြင် စစ်ကောင်စီသည် တဖက်သတ်အပစ်ရပ်ကြေညာထားသည့် TNLA နှင့် AA ထိန်းချုပ်မြို့ရွာများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှုများစွာ ရှိခဲ့သည်။

လေကြောင်းတိုက်ခိုက်ခြင်းအပြင် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီက မြေပြင် ထိုးစစ်ဆင်ခြင်း၊ လေကြောင်း၊ ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းများ မကြာမကြာ ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီအနေဖြင့်အပစ်ရပ်ကြေညာထားသော်လည်း တိုက်ခိုက်မှုများ ဆက်လုပ်နေပြီး ပြည်သူလူထုများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း TNLA က အသိပေးထုတ်ပြန်ထားကာ ပြည်သူများ လေကြောင်းရန် သတိပြု နေထိုင်ကြရန် ထုတ်ပြန်ထားသည်။

AA ​ပြောခွင့်ရ ဦးခိုင်သုခကလည်းစစ်​ကောင်စီသည်ငလျင်ကြီး​ကြောင့်ပြည်သူများဒုက္ခ​ရောက်​နေချိန်တွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း ​ကျောင်းသားငယ်များပါမ​ရှောင် အရပ်သားပြည်သူများကိုဗုံးကြဲသတ်ဖြတ်​နေ​သဖြင့် စစ်​ကောင်စီထက် မိုက်မဲသူ ကမ္ဘာတွင်မရှိနိုင်​ကြောင်း​ပြောကြားထားသည်။ ​မေလတွင် စစ်​ကောင်စီက ရ​သေ့​တောင် နှင် ​ကျောက်​တော်မြို့နယ်တို့ကို ဗုံးကြဲ၍ က​လေးငယ်များအပါအဝင် ပြည်သူ ဆယ်နှင့်ချီ​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။