Connect with us

Hi, what are you looking for?

ရသ

“အရာရာကို အကောင်းဆုံး ပြန်တုံ့ပြန်နိုင်ဖို့”

အတွေးတခုဟာ ကျမရဲ့ဦးနှောက်ထဲကို ဘယ်ကမှန်းမသိ ဝင်လာပြီး ပဲ့တင်ထပ်နေပြီဆိုရင် အဲဒီအတွေးထဲမှာပဲ သုံးလေးရက် ဒါမှမဟုတ် ပိုကြာရင် တပတ်ကနေ တလအထိ တွေးနေမိတတ်တဲ့အကျင့် ရှိပါတယ်။ အဲဒီလို ကြုံပြီဆိုရင်လည်း တိုက်ဆိုင်တာတွေကပဲ ပေါ်လာတာလား၊ ကျမကပဲ နစ်ဝင်နေတဲ့ ကျမအတွေးရှုထောင့်ကနေ ကြည့်နေလို့ပဲလား မသိပေမယ့် ဆက်စပ်ပြီးတွေးစရာတွေ ဆက်စပ်တိုင်ဆိုင်မှုတွေဟာ ဆက်တိုက်ဆိုသလို ပေါ်လာတတ်ပါတယ်။

◼️မြကေခိုင်

အတွေးတခုဟာ ကျမရဲ့ဦးနှောက်ထဲကို ဘယ်ကမှန်းမသိ ဝင်လာပြီး ပဲ့တင်ထပ်နေပြီဆိုရင် အဲဒီအတွေးထဲမှာပဲ သုံးလေးရက် ဒါမှမဟုတ် ပိုကြာရင် တပတ်ကနေ တလအထိ တွေးနေမိတတ်တဲ့အကျင့် ရှိပါတယ်။ အဲဒီလို ကြုံပြီဆိုရင်လည်း တိုက်ဆိုင်တာတွေကပဲ ပေါ်လာတာလား၊ ကျမကပဲ နစ်ဝင်နေတဲ့ ကျမအတွေးရှုထောင့်ကနေ ကြည့်နေလို့ပဲလား မသိပေမယ့် ဆက်စပ်ပြီးတွေးစရာတွေ ဆက်စပ်တိုင်ဆိုင်မှုတွေဟာ ဆက်တိုက်ဆိုသလို ပေါ်လာတတ်ပါတယ်။

ဒီရက်ပိုင်း အတွေးထဲမှာ ပဲ့တင်ထပ်နေတာကတော့ “အရာရာဟာ ကောင်းဖို့ ဒါမှမဟုတ် ပိုကောင်းဖို့ ဖြစ်လာတာမှ မဟုတ်တာ“ ဆိုတဲ့အတွေးပါ။ ဘဝမှာ ကံကောင်း အကြောင်းလှတဲ့သူတွေထဲမှာ ပါခဲ့ပုံထောက်လို့ ကောင်းအောင် မြင်ပေးနိုင်ခဲ့တာတွေလည်း များပါတယ်။ ဒါပေမယ့်လည်း အရာရာဟာ ကောင်းဖို့ ဖြစ်လာတာမှ မဟုတ်တာ။ ကျမတို့ အရင်ကဆိုရင် ကိစ္စတွေဟာ ကိုယ်စီစဥ်ထားတဲ့အတိုင်း မဖြစ်ဘဲ တခြားသော နည်းလမ်းတခုနဲ့ အဆင်ပြေအောင် လုပ်လိုက်ရရင် ဒါမှမဟုတ် ပိုပြီး အဆင်ပြေတဲ့ နည်းလမ်းနဲ့ ပိုအဆင်ပြေတဲ့ အကျိုးရလဒ်တခု ရလာခဲ့ပြီဆိုရင် “ကောင်းဖို့ဖြစ်လာတာ၊ ပိုကောင်းဖို့ ဖြစ်လာတာ“ ဆိုပြီး တွေးကြရပါတယ်။ ဒါဟာလည်း ကိုယ်လုပ်လိုက်တဲ့ကိစ္စဟာ တနည်းမဟုတ်တနည်းနဲ့ အဆင်ပြေသွားမှ တ’ နိုင်ကြတာပါ။

ဘာသာတရားရဲ့ အကူအညီကို ယူရရင်တော့ ကျမတို့ ဗုဒ္ဓဘာသာအရဆို ကံစီမံရာ၊ အခြားဘာသာရေးအရဆို ဘုရားသခင်အလိုအရ၊ ဘုရားသခင်ဟာ အခြားသောနည်းနဲ့ ကူညီစောင့်ရှောက်မှာ ဖြစ်လို့လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအတွေးတွေ ခေါင်းထဲမှာ တဝဲလည်လည် ဖြစ်နေတုန်းမှာပဲ ခါတိုင်းလို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကျမအခန်းဖော် ညီမလေးတယောက် သူ့မိသားစုနဲ့ ဖုန်းပြောဖြစ်ကြရင်း ကျမတို့ စကားစပ်မိကြပါတယ်။ အခန်းဖော် ညီမလေးတို့ မိသားစုဟာ ကယားပြည်ကနေ စစ်ရှောင်နေကြတဲ့သူတွေပါ။

၂၀၂၄ ခုနှစ် အလယ်လောက်မှာ အိမ်အခွံပဲ ကျန်တော့လောက်အောင် ပျက်စီး ဆုံးရှုံးထားတဲ့ သူတွေပါ။ စစ်ကြီးမဖြစ်ခင်က အိမ်ခြံဝန်းကျယ်ကျယ်ထဲ အလယ်မှာ တိုက်ဖြူဖြူလေးနဲ့ ခြံဝန်းထဲမှာ မြက်ခင်းစိမ်းနုနုလေးတွေ၊ ပန်းပင်လေးတွေ အမျိုးမျိုးနဲ့ ဝေဆာနေခဲ့တဲ့ အိမ်လေးပါ။ အခုတော့ အဲဒီခြံလေးဆီ သူတို့တွေ ပြန်သွားခွင့်ရကြတယ်။ ခြံထဲမှာ လက်နက်ကြီးနဲ့ ကျည်ဆံအခွံပေါင်းစုံ ရှိနေခဲ့ပါတယ်။

ဦးလေးက အဲဒီအခွံတွေကို ရှင်းလင်းပြီး ပုံးလေးတပုံးထဲမှာ ထောင်ပြီး စုထည့်ထားတယ်။ ခြံအတွင်းထဲမှာတော့ ပန်းပင်လေးတွေ အရင်စိုက်နှင့်နေပါပြီ။ ပန်းပင်လေးတွေကတော့ ခရမ်း

ရောင်၊ ပန်းရောင် အရောင်စုံလို့ပါပဲ။ ကျမကတော့ ပန်းပွင့်တွေအကြောင်း သိပ်မသိတာမို့ လှတာပဲ သိလိုက်ပါတယ်။ ခြံအပြင်မှာလည်း 120 MM ကျခဲ့တဲ့ နေရာလေးမှာ စက္ကူပန်းပင်လည်း စိုက်ထားပါသေးတယ်။

ဦးလေးပြောတာက “ န်းပင်လေးတွေစိုက်ပြီး အရာရာကို အကောင်းဆုံး တုံ့ပြန်နေပါတယ်” တဲ့။ ဦးလေးရဲ့ စကားကို ကြားပြီးမှပဲ ကျမ ပိတ်မိနေတဲ့ အတွေးလေးဟာ တခန်းရပ်သွားပါတော့တယ်။ အရာရာဟာ ပိုကောင်းဖို့ ဖြစ်လာတာတော့ မဟုတ်ပေမယ့်လည်း အရာရာကို အကောင်းဆုံး တုံ့ပြန်ကြဖို့ပဲ။ ကျမတို့တွေဟာ အိမ်မှာ ပြန်စိုက်ရမယ့် ပန်းပင်လေးတွေအကြောင်း စဥ်းစားရင်း အရာရာကို အကောင်းဆုံး တုံ့ပြန်ဖို့ ကြိုးစားနေကြပါတယ် ဆိုတာပါပဲ။ ။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မြ​ကေခိုင်’ ရေးဖွဲ့တဲ့ “အရာရာကို အကောင်းဆုံး ပြန်တုံ့ပြန်နိုင်ဖို့” Essay ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...