Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီတပ် အာဏာပြပြီးရမ်းကား​နေဟု​​​ဒေသခံများ​ပြော

လားရှိုးသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သည် ညဘက်များ၌ ရန်လိုသည့် ပုံစံဖြင့် စစ်ကားများ အရှိန်ပြင်းပြင်းမောင်းနေပြီး ည၈နာရီနောက်ပိုင်း ပြင်ပထွက်သူများကိုဖမ်းဆီးမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှုးများမှတဆင့်သတင်းဖြန့်ထားသည်။

လားရှိုးမြို့အတွင်း စစ်​ကောင်စီတပ်ယာဥ်တန်းက ၂၀၂၅ ဧပြီ ၂၂ ရက်တွင်ပြန်ဝင်လာစဥ်။ဓါတ်ပုံ-​ဒေသခံ

ဇွန်-၂၄၊၂၀၂၅။ကဖေး ‌/People’s Spring

လားရှိုးသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သည် ညဘက်များ၌ ရန်လိုသည့် ပုံစံဖြင့် စစ်ကားများ အရှိန်ပြင်းပြင်းမောင်းနေပြီး ည၈နာရီနောက်ပိုင်း ပြင်ပထွက်သူများကိုဖမ်းဆီးမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှုးများမှတဆင့်သတင်းဖြန့်ထားသည်။

ည၈နာရီနောက်ပိုင်း အပြင်မထွက်ရန် ခြိမ်းခြောက်သည့် သတိပေးမှုကို ဇွန်လ ၂၃ရက်နံနက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးများက ၎င်းတို့နှင့်နီးစပ်သူများကို အသိပေးနေခြင်းဖြစ်သည်။

“အပြင်မှာညဘက်တွေ့တာနဲ့ ဖမ်းမယ်ဆိုတာကြောင့် ဘယ်သူမှမထွက်ရဲကြဘူး။ တရားဝင်သတိပေးတာမဟုတ်ဘဲ လက်သိပ်ထိုးပြီးပြောနေကြတာပါ” ဟုလားရှိုးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကားများသည် လုံခြုံရေးအကြောင်းပြ၍ညနက်ပိုင်းတွင်ကားအရှိန်ပြင်းပြင်းပတ်မောင်းနေသည်ကို တွေ့ရသည်။

“အရက်တွေမူးရူးပြီး သွားနေတာမျိုး။အော်ဟစ်ဆဲဆိုတာတွေ လုပ်တယ်။ဘယ်သူမှ အပြင်မထွက်ရဲဘူး” ဟု မြို့ခံတစ်ဦးကပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးက”မြို့ပေါ်ကိုပဲ ကွက်ပြီး အုပ်ချုပ်ခွင့်ရတာ တော်တော် အစာမကျေဖြစ်နေပုံပဲ။ သူတို့ တော်တော်လေး စရိုက်ကြမ်းတာ‌တွေ့တယ်”ဟု ပြောသည်။

လားရှိုးမြို့ကို တရုတ်အစိုးရအကူအညီဖြင့် စစ် ကောင်စီက MNDAA ထံမှ ပြန်ရပြီး ဧပြီလတတိယလပတ်ထဲတွင် ပြန်ဝင်လာပြီး မြို့ပေါ် ရပ်ကွက် ၁၂ခုကို အုပ်ချုပ်ခွင့်ရထားသည်။ သို့သော် အုပ်ချုပ်ရေး ယန္တရားကောင်းမွန်စွာလည်ပတ်နိုင်ခြင်းမရှိဘဲ လုယက်မှုများ၊ ဓားပြမှုများ မကြာခဏဖြစ်ပွားနေသည်။

ဇွန်လ ၂၄ ရက် နံနက်ကလည်း လားရှိုးမြို့ အောင်မင်္ဂလာစျေးအနီးတွင်အမျိုးသမီးတစ်ဦးအားအမျိုးသားလေးဦးကသေနတ်ထောက်ကာဆိုင်ကယ်၊ ဖုန်းနှင့် လက်ဝတ်ရတနာအချို့ ဓားပြတိုက်သွားခဲ့သည်။ ဇွန် ၂၃ ရက်​နေ့ကလည်း လားရှိုးမြို့ နယ်မြေ(၆)၌ အမျိုးသမီးတစ်ဦးဆိုင်ကယ်လုယက်ခံခဲ့ရသည်။

MNDAA ကလည်း စစ်သုံ့ပန်းအများအပြားကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ယင်းအပေါ် စစ်ကောင်စီတပ်က မကျေမနပ်ဖြစ်နေပြီးမြို့ပေါ်တွင် အာဏာပြသည့်နေသည်ဟုဒေသခံများကပြောသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် သုံ့ပန်းများအနက် ရမခတိုင်းအဆင့် အရာရှ်ိအချို့ကို MNDAAက ဇွန်လ ၁၆ရက်၌ ပြန်လွှတ်ပေးခဲ့သည်။ ပြန်လွတ်လာသူများကို စစ်ကောင်စီက စစ်ခုံရုံးတင်စစ်ဆေးနေကြောင်း သ

တင်းရရှိသည်။လက်ရှိတွင် လားရှိုးမြို့၌ လဝက၊ ကျန်းမာရေးဌာန၊ ပညာရေးဌာနများဖွင့်လှစ်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင် စစ်ကောင်စီကကြိုးစားနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။