Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်အတွင်း တော်လှန်ရေးအဖွဲ့များထိန်းချုပ်ထားပြီးမြို့များကို တိုက်ခိုက်ရန်မရှိဟု CNF ပြော

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) အနေဖြင့် ချင်းပြည်အတွင်း တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားပြီး မြို့နယ်များကို တိုက်ခိုက်ရန်မရှိကြောင်း ယနေ့ (ဇူလိုင် ၁၁ရက်)တွင် CNF အတွင်းရေးမှူး အဖွဲ့ရုံးက ထုတ်ပြန်အသိပေးသည်။

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CIC

ဇူလိုင်-၁၁၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) အနေဖြင့် ချင်းပြည်အတွင်း တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားပြီး မြို့နယ်များကို တိုက်ခိုက်ရန်မရှိကြောင်း ယနေ့ (ဇူလိုင် ၁၁ရက်)တွင် CNF အတွင်းရေးမှူး အဖွဲ့ရုံးက ထုတ်ပြန်အသိပေးသည်။

CNF ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၏ပြောကြားချက်များကို စာဖြင့်ဖော်ပြထားရာ ယင်းထုတ်ပြန်ချက်အပေါ် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက အတည်ပြုပေးသည်။

“ကျနော်တို ချင်းအမျိုးသားတပ်ဦး/တပ်မတော်အနေနဲ့ ဖလမ်းမြိုကိုဖြစ်စေ၊ ချင်းလဲန်အတွင်း တော်လှန်ရေးအဖွဲများက ထိန်းချုပ်ထားပြီးဖြစ်တဲ့ ဘယ်မြိုနယ်ကိုမှ တိုက်ခိုက်ပြီး ထိန်းချုပ်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကျနော်တို ကူတိုက်ပြီး လွတ်မြောက်သွားတဲ့ နေရာတွေကို ကြည့်ရင် မြင်နိုင်ပါတယ်။ ကျနော်တိုက အုပ်ချုပ်ရေး ဝင်မလုပ်ဘူး။ ဒေသခံပြည်သူများကိုယ်တိုင် ဆွေးနွေးဆုံးဖြတ်ကြတယ်။ သူတိုဆုံးဖြတ်ချက်ကို ကျနော်တိုက လေးစားတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

ချင်းပြည် (Chinland)ဆိုသည်မှ မြို့နယ် တစ်ခုဒေသ တစ်ခုထက်ပိုမိုကြောင်း၊ ချင်းပြည်သူတရပ်လုံး၏ ဘုံအကျိုးစီးပွား၊ ဘုံအနာဂတ်နှင့် သက်ဆိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“အဲဒါကျနော်တိုရဲ့ ယုံကြည်ချက် ဖြစ်ပါတယ်။ကျနော်တိုရဲ့ ဦးစားပေးလုပ်ငန်းကလည်း ရှင်းပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မယ်။ ပြီးတော့ တော်လှန်ရေးအောင်မြင်ဖို စစ်ပွဲအနိုင်ရရေးကို အဓိကအာရုံစိုက်နေပါတယ်”ဟုဆလိုင်းထက်နီက ပြောသည်။

ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် CDF ပူးပေါင်းတပ်များက ၂၀၂၃ နိုဝင်ဘာတွင် မြန်မာ-အိန္ဒိယ နယ်စပ်မြို့ ရိဒ်ခေါ်ဒါရ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါမြို့ကို ယခု ဇူလိုင် ၅ရက်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က သိမ်းပိုက်ခဲ့သည်။ နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်ပြီး CDF ဟွာလ်ငိုးရမ်းနှင့် တိုက်ပွဲဖြစ်ခဲ့ပြီးနောက် CNDFက ရိဒ်ခေါ်ဒါရ်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ CNA ၊ CDF ပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်ခဲ့၍ ယနေ့ ဇူလိုင်၁၁ရက်တွင် ရိဒ်ခေါ်ဒါရ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ထိုသို့ ရိဒ်ခေါ်ဒါရ်ကိုပြန်ရပြီးနောက် CNFက CNDF သိမ်းပိုက်ထားသည့်ဖလမ်းမြို့အပါအဝင် ချင်းပြည်အတွင်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မြို့နယ်များကိုတိုက်ခိုက်ရန် မရှိကြောင်းယခုကဲ့သို့ အသိပေးလာခြင်းဖြစ်သည်။ CNDFပါဝင်သည့် ချင်းညီနောင်သည် ချင်းပြည်နယ်ရှိ ဖလမ်း၊ မတူပီ၊ကန်ပက်လက်၊ မင်းတပ်၊ ကျင်ဒွေးမြို့များကို စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။

ယခု ချင်းညီနောင်အဖွဲ့ဝင် CNDFနှင့် ချင်းပြည်ကောင်စီအဖွဲ့ဝင် CNA ၊ CDF ဟွလ်ငိုးရမ်းအကြားတိုက်ပွဲဖြစ်ပွားမှုကိုလည်း နှစ်ဖက်အကြား ငြိမ်းချမ်းစွာအဖြေရှာနိုင်ရန် မီဇိုရမ်ပြည်နယ်အစိုးရ ဘက်က ကြိုးပမ်းနေသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရအပါအင် တော်လှန်ရေးအင်အားစုများ၊ချင်း ပြည်သူများ၊ လက်နက်ကိုင်အဖွဲ့နှင့် ချင်းလွှတ်တော်အမတ်များကလည်း အချင်းချင်းအကြား ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန် ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။