Connect with us

Hi, what are you looking for?

သတင်း

ဇွန်လအတွင်း အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရတဲ့စစ်သား ၂၇၀ ဦး ရှိ

အလင်းဝင် စစ်သားတွေအနက် ၅၂ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်

ဇွန်လအတွင်း PDF ​တွေထံအလင်းဝင်လာတဲ့စစ်သားနဲ့ ရဲ​တွေ ။ဓါတ်ပုံ-PDF တပ်ရင်းများ

ဇူလိုင်-၁၂၊၂၀၂၅။ဇေအောင်/People’s Spring

ဇွန်လအတွင်း ကာကွယ်ရေးအဖွဲ့များထံ အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်ကောင်စီအုပ်စုဝင် စုစုပေါင်း ၂၇၀ ဦး ရှိခဲ့ကြောင်းပြည်သူ့ပန်းတိုင်အဖွဲ့ကထုတ်ပြန်ပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလိုသူတွေကို အကူအညီပေးနေတဲ့ပြည်သူ့ပန်းတိုင်အဖွဲ့က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲ၊ ပြည်သူ့စစ် အဖွဲ့ဝင် ၂၇၀ ဦး အလင်းဝင်လာခြင်း၊ လက်နက်ချခြင်းနဲ့ စစ်သုံ့ပန်းဖမ်းဆီးခံရခြင်းတို့ ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

အလင်းဝင်လာသူများမှာ စစ်သား ၁၀၀ ဦး၊ ရဲ ၅ ဦး၊ ပြည်သူ့စစ် ၆ ဦး စုစုပေါင်း ၁၁၁ ဦးရှိကြောင်း၊ အလင်းဝင် စစ်သားတွေအနက် ၅၂ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အလင်းဝင်သူတွေဟာ ရခိုင်ပြည်နယ်က ဦးရေ (၅၀) နဲ့ အများဆုံးဖြစ်ပြီးတနင်္သာရီတိုင်းက (၂၀)ဦးရှိကြောင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှလည်း ပါဝင်ကြောင်း သိရပါတယ်။

လက်နက်ချသူစုစုပေါင်း (၅၀) ဦးရှိပြီး ကရင်ပြည်နယ်မှ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ထပ်မံအသိပေးပါတယ်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း (၁၀၉) ဦး ရှိပြီး စစ်သား (၈၉) ဦး၊ ပြည်သူ့စစ် (၁၈)ဦး၊ ရဲ (၂)ဦးဖြစ်ကြောင်း၊ စစ်သုံ့ပန်းဖမ်းဆီးခံရသူများအနက် ၃ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်​ပြန်ပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း – ၁၄၉၂ ဦးထိရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။