Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ စာရင်းမှာ အာရှနိုင်ငံတွေရဲ့ ပတ်စ်ပို့တ်တွေ ဦးဆောင်နေ

ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ စာရင်းမှာ စင်ကာပူ ပတ်စ်ပို့တ်က ထိပ်ဆုံးကနေ ဆက်လက် ဦးဆောင်နေပါတယ်။

Shutterstock

ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ စာရင်းမှာ စင်ကာပူ ပတ်စ်ပို့တ်က ထိပ်ဆုံးကနေ ဆက်လက် ဦးဆောင်နေပါတယ်။

ဇူလိုင် ၂၂ ရက်နေ့က နောက်ဆုံးထုတ်ပြန်တဲ့ Henley ပတ်စ်ပို့တ်ညွှန်ကိန်းတွေမှာတော့ အာရှနိုင်ငံတွေရဲ့ ပတ်စ်ပို့တ်တွေက ဩဇာအကြီးမားဆုံး ထိပ်ဆုံး သုံးနေရာကို ကြီးစိုးထားနိုင်တာ တွေ့ခဲ့ရပါတယ်။ ပတ်စ်ပို့တ်တစ်ခုရဲ့ ဩဇာ ကြီးမားမှု ဆိုတာဟာ အဲဒီပတ်စ်ပို့တ် ကိုင်ဆောင်ထားသူက ကမ္ဘာ့နိုင်ငံတွေနဲ့ သီးခြားနယ်မြေတွေဆီ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်တာ၊ ဆိုက်ရောက် ဗီဇာ ချက်ချင်း ရရှိနိုင်တာတွေ ဘယ်လောက်များများ ရှီသလဲ ဆိုတာကို ရည်ညွှန်းပါတယ်။

တစ်နည်းအားဖြင့် နိုင်ငံများများမှာ ဗီဇာကင်းလွတ်ခွင့်၊ ဒါမှမဟုတ် ဆိုက်ရောက်ဗီဇာ ချက်ချင်းရနိုင်ခွင့်တွေ ရှိနေတဲ့ ပတ်စ်ပို့တ်မျိုးတွေကို ဩဇာကြီးမားတယ်လို့ သတ်မှတ်နိုင်ပါတယ်။ စင်ကာပူ နိုင်ငံသားတွေကတော့ သူတို့ရဲ့ ပတ်စ်ပို့တ်ကို သုံးပြီး ကမ္ဘာ့နေရာဒေသ ၂၂၇ ခုထဲက ၁၉၃ ခုကို ဗီဇာမလိုဘဲ သွားလာနိုင်မှာ ဖြစ်ပါတယ်။

စင်ကာပူ ပတ်စ်ပို့တ်ဟာ အရင်ကနဲ့ယှဉ်ရင် ဗီဇာကိစ္စ ခေါင်းခဲစရာ မလိုတဲ့ စာရင်းမှာ နှစ်နေရာစာ လျော့သွားပေမယ့် ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နေတာ ဖြစ်ပါတယ်။ နိုင်ငံနဲ့ နေရာဒေသ ၁၉၀ ကို ဗီဇာပြဿနာ မရှိဘဲ သွားလာနိုင်မယ့် တောင်ကိုရီးယားနဲ့ ဂျပန် ပတ်စ်ပို့တ်တွေကတော့ ဩဇာအကြီးဆုံး ဒုတိယ နေရာမှာ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

တတိယ နေရာမှာတော့ ဗီဇာကင်းလွတ်ခွင့် ၁၈၉ ခု ရထားတဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် ၇ နိုင်ငံဖြစ်တဲ့ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီနဲ့ စပိန် ပတ်စ်ပို့တ်တွေက ပူးတွဲ ရပ်တည်နေကြပါတယ်။

ဗြိတိန်နဲ့ အမေရိကန်တို့ကတော့ စာရင်းအသစ်ထွက်တိုင်း အဆင့်ကျနေကျ အစဉ်အလာကို ဆက်ထိန်းပြီး အခုအခါမှာတော့ အဆင့် ၆ နဲ့ ၁၀ နေရာတွေဆီ အသီးသီး ရောက်နေပါတယ်။ ဗြိတိန် ပတ်စ်ပို့တ်ဟာ ၂၀၁၅ မှာ ကမ္ဘာ့ ဩဇာ အကြီးမားဆုံး ဖြစ်ခဲ့ပြီး နောက်တစ်နှစ်မှာတော့ အဲဒီနေရာကို အမေရိကန် ပတ်စ်ပို့တ်က ရယူခဲ့ဖူးပါတယ်။ အခုအခါ ဗြိတိန် ပတ်စ်ပို့တ် ကိုင်ဆောင်သူတွေဟာ ဗီဇာကင်းလွတ်မှု၊ ဆိုက်ရောက်ဗီဇာ ရရှိမှုအတွက် လားရာပေါင်း ၁၈၆ ခုမှာ အာမခံချက် ရထားပြီး အမေရိကန် ပတ်စ်ပို့တ်ကတော့ ၁၈၂ ခုစာ အဆင်ပြေနေပါတယ်။

အဆင့် ၂ ခု ထပ်ကျသွားတဲ့ အမေရိကန်ဟာ Henleyရဲ့ ပတ်စ်ပို့တ်တွေ ဩဇာကြီးမားမှု ညွှန်ကိန်းတွေ စတင် ထုတ်ပြန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ထိပ်ဆုံး ၁၀ နေရာ ပြင်ပကို ရောက်လုနီးပါး အခြေအနေ ကြုံလာတာလည်း ဖြစ်ပါတယ်။

အခုနောက်ဆုံး စာရင်းမှာတော့ ဩဇာ အားအနည်းဆုံး ပတ်စ်ပို့တ်အဖြစ် အဆင့် ၉၉ နေရာမှာ အာဖဂန် နစ္စတန် ပတ်စ်ပို့တ်က ရပ်တည်နေပြီး နိုင်ငံနဲ့ နယ်မြေပေါင်း ၂၅ ခုကိုသာ ဗီဇာကိစ္စ ခေါင်းခဲစရာ မလိုဘဲ သွားလာနိုင်မယ့် သဘောပါ။ မြန်မာ ပတ်စ်ပို့တ်ကတော့ လားရာပေါင်း ၄၅ ခုကို ဗီဇာ ကင်းလွတ်ခွင့်ရပြီး အဆင့် ၈၈ မှာ နိုက်ဂျီးရီးယား၊ အီသီယိုးပီးယားတို့နဲ့ ပူးတွဲ ရပ်တည်နေပါတယ်။

၂၀၀၆ ခုနှစ်ကစလို့ ပုံမှန် ထုတ်ပြန်ခဲ့တဲ့ ညွှန်ကိန်းတွေအတွက် အခုအခါမှာတော့ ကမ္ဘာတလွှားက ပတ်စ်ပို့တ်ပေါင်း ၁၉၉ ခုနဲ့ လားရာနေရာပေါင်း ၂၂၇ ခုတို့ကို လွှမ်းခြုံပြီး စာရင်းပြုစုနေတာ ဖြစ်ပါတယ်။

ကိုးကား: CNBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ စာရင်းမှာ အမေရိကန် ပတ်စ်ပို့တ်ဟာ ထိပ်တန်း ၁၀ နေရာ အပြင်ဖက်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကြုံတွေ့လာတာလို့လည်း သိရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)က နိုင်ငံကူးလက်မှတ် လုပ်ပေးထုတ်ပေးသည်ဟု ရေးသားချက်များမှားယွင်းပြီး လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်များအရ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမှုသာရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက လူထုနွေဦးအား ပြောကြားသည်။

သတင်း

ပြည်ပရောက်မြန်မာလုပ်သားများ စစ်​ကောင်စီကသတ်မှတ်ပေးထားသည့် ဘဏ်စနစ်ဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံလွှဲမပေးပါက ပတ်စပို့(Passport)သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့်ပိတ်ခြင်းနှင့် ပြည်ပအလုပ်အကိုင်သက်သေခံကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သည်။

သတင်း

သူတို့ကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေအရ တရားမဝင် ခိုးဝင်မှု၊ တံဆိပ်တုံး အတုပြုလုပ်မှုတွေနဲ့ စွဲချက်တင်ဖို့ စီစဉ်နေကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။