Connect with us

Hi, what are you looking for?

သတင်း

ပတ်စ်ပို့မှာ တံဆိပ်တုံး အတုထုထားတယ် စွပ်စွဲချက်နဲ့ မြန်မာ ၂၀ ဦး ထိုင်းမှာအဖမ်းခံရ

သူတို့ကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေအရ တရားမဝင် ခိုးဝင်မှု၊ တံဆိပ်တုံး အတုပြုလုပ်မှုတွေနဲ့ စွဲချက်တင်ဖို့ စီစဉ်နေကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။

(ဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသား​တွေ။ ဓါတ်ပုံ-ဘန်​ကောက်ပိုစ်)
(ဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသား​တွေ။ ဓါတ်ပုံ-ဘန်​ကောက်ပိုစ်)

▪︎မ​လေးရှားသွားအလုပ်လုပ်ဖို့အတွက် ပွဲစားကိုတစ်​ယောက် ဘတ်တစ်သိန်းနှစ်​သောင်းစီ​ပေးခဲ့ရပြီး ပွဲစားကပက်စ်ပို့စာအုပ်ကိုယူသွားပြီးတံဆိပ်တုံးထုလာတာဖြစ်

နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)မှာ တံဆိပ်တုံး အတုထုပြီး လိမ်လည် ဝင်ရောက်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာအယောက် ၂၀ ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဟတ်ရိုင်ဒေသမှာ အဖမ်းခံရသူတွေဟာ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ဖြစ်ပါတယ်။ သူတို့ရဲ့ ပတ်စ်ပို့တွေကို စစ်ဆေးတဲ့အခါ သုဝဏ္ဏဘူမိ လေဆိပ်ကနေ ဝင်ရောက်လာတယ်ဆိုတဲ့ တံဆိပ်တုံး အတုတွေ ထုထားတာ တွေ့ရှိခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက ပြောပါတယ်။

နေ့လယ်ပိုင်းက ဆွန်ခလာမှာရှိတဲ့ ဟတ်ရိုင်မြို့က အဝေးပြေးလမ်း တစ်နေရာမှာ စုဝေးပြီး ထိုင်နေသူတွေကို လူဝင်မှု ကြီးကြပ်ရေး ကင်းလှည့် အရာရှိတွေက တွေ့ရှိလို့ စစ်ဆေး မေးမြန်းရင်း ပြဿနာ တက်ခဲ့တာလို့ ဆိုပါတယ်။

နောက်ဆက်တွဲ စုံစမ်းမှုတွေအရ မြန်မာနိုင်ငံသားတွေဟာမလေးရှားမှာ အလုပ်သွားလုပ်ဖို့အတွက် ပွဲစားတွေဆီ တစ်ယောက်ကို ဘတ် တစ်သိန်းနှစ်သောင်းစီပေးထားရတယ်လို့ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ ပွဲစားတွေက သူတို့ရဲ့ ပတ်စ်ပို့တွေကို ယူသွားပြီး ထိုင်းမှာ ပြည်ဝင်ခွင့် တံဆိပ်တုံး ထုပေးထားတာလို့လည်း လတ်တလော ထိန်းသိမ်းခံထားရသူတွေက ပြောပြကြပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ဟာ လမ်းပြတစ်ဦးရဲ့ အကူအညီနဲ့ ထိုင်းနယ်စပ်ကို ကန်ချနာဘူရီကနေ ဖြတ်ကျော် ဝင်ရောက်လာပြီး အဲဒီကနေတဆင့် ဘန်ကောက်ထိ ရောက်လာပြီး တည်းခို နေထိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဘတ်စ်ကားစီးပြီး ဟတ်ရိုင်ကို ထွက်ခွာလာပြီး မလေးရှား နယ်စပ်ဆီ ခရီးဆက်မယ့် အချိန်မှာ အဖမ်းခံခဲ့ကြရတာပါ။

သူတို့ကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေအရ တရားမဝင် ခိုးဝင်မှု၊ တံဆိပ်တုံး အတုပြုလုပ်မှုတွေနဲ့ စွဲချက်တင်ဖို့ စီစဉ်နေကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။