Connect with us

Hi, what are you looking for?

သတင်း

ပြည်ပရောက်မြန်မာလုပ်သားများ သတ်မှတ်ထားသည့်ဘဏ်စနစ်ဖြင့်ငွေလွှဲပို့ရန် စစ်ကောင်စီ အကြပ်ကိုင်နေ

ပြည်ပရောက်မြန်မာလုပ်သားများ စစ်​ကောင်စီကသတ်မှတ်ပေးထားသည့် ဘဏ်စနစ်ဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံလွှဲမပေးပါက ပတ်စပို့(Passport)သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့်ပိတ်ခြင်းနှင့် ပြည်ပအလုပ်အကိုင်သက်သေခံကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သည်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ထိုင်းရောက်မြန်မာလုပ်သား ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - ဓာတ်ပုံ - Nattaphon Phanphongsanon (YhaYah)/FB

ဇေအောင်/People’s Spring

ပြည်ပရောက်မြန်မာလုပ်သားများ စစ်​ကောင်စီကသတ်မှတ်ပေးထားသည့် ဘဏ်စနစ်ဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံလွှဲမပေးပါက ပတ်စပို့(Passport)သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့်ပိတ်ခြင်းနှင့် ပြည်ပအလုပ်အကိုင်သက်သေခံကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သည်။

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် ပြည်ပနိုင်ငံတွင် ရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ရာခိုင်နှုန်းကို ၎င်းတို့၏ မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့် ဖြစ်စေ၊ ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License ရရှိသူများဖြင့် ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင် တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း၊ သို့မဟုတ် အများဆုံး ၃ လလျှင် တစ်ကြိမ် ၃လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ သို့မဟုတ် မိခင်နိုင်ငံရှိ မိမိ၏ဘဏ်စာရင်းထဲသို့ လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၏ သြဂုတ် ၂၈ ရက်က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အကယ်၍ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိသားစုများထံ လွှဲပို့ငွေ လွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ်တွေ့ရှိရပါက ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာမှုကို ကာလအကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ် OWIC ထုတ်ပေးမှု မပြုခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခွင့်မပြုခြင်း စသည်တို့အပြင် လိုအပ်သည့် စိစစ်အရေးယူ ဆောင်ရွက်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သည်။

စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် ပြည်ပလိုငွေပြနေ၍ ပြည်ပရောက် အလုပ်သမားများထံမှ ငွေညှစ်နေခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

“ကျွန်တော်တို့ကတော့ အတူတူသွားတဲ့သူတွေတိုင်ပင်ပြီး ဘယ်သူမှ အဲကနေ(စစ်ကောင်စီသတ်မှတ်ထားတဲ့ဘဏ်ကနေ) မလွှဲသေးဘူး။ ဘာလို့လဲဆိုတော့ သူတို့သတ်မှတ်ထားတဲ့ဘဏ်တွေကလွှဲရင် ငွေစျေးက အပြင်က ပေါက်စျေးထက်အများကြီး နည်းတယ်။ နောက်ပြီး စစ်တပ်ကိုလည်းအခွန်မပေးချင်တာကြောင့် မလွှဲသေးဘူး။ ပက်စ်ပို့သက်တမ်းကုန်တဲ့အထိလည်း သူတို့မခံလောက်ဘူး။”ဟု ဂျပန်ရောက် ​မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

ထို့အပြင် ပြည်ပ အလုပ်အကိုင်အေဂျင်စီများကလည်း ၎င်းတို့ စေလွှတ်လိုက်သော အလုပ်သမားများ မိသားစုထံသို့ ငွေလွှဲပို့သည့် အထောက် အထားများကို အေဂျင်စီထံသို့ မိတ္တူမပျက်ကွက်ပေးပို့ရန် တောင်းခံရမည်ဖြစ်ကြောင်း၊ ထိုအထောက်အထားများကို အလုပ်သမားဝန်ကြီးဌာနသို့ မပျက်မကွက် တင်ပြရမည်ဟု အေဂျင်စီများကိုပါ အကြပ်ကိုင်ထားသည်။

ပြည့်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ငွေလွှဲရာတွင် တရားမဝင်ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများမှတစ်ဆင့် ငွေလွှဲပြောင်း ပေးပို့ခြင်းမပြု(မပြု) ကြရန်၊ တရားဝင် လမ်းကြောင်းများမှသာ လွှဲပြောင်း ပေးပို့ရန် စစ်ကောင်စီက ထပ်မံသတိပေးထားသည်။

အဆိုပါကြေညာချက်မှာ သြဂုတ်၂၈ ရက်စွဲဖြင့်ထုတ်ပြန်ထားသော်လည်း ယနေ့စက်တင်ဘာ ၆ ရက်တွင်မှ စစ်ကောင်စီ၏ သတင်းစာများတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြည်ပသွားရောက်အလုပ်လုပ်ကိုင်သူများ ပတ်စ်ပို့စ်သက်တမ်းတိုးသည့်အခါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှ သက်တမ်းတိုးပေးမည်ဟု ကြေညာထားသည်။

အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (Passport for Job – PJ)နှင့် သင်္ဘောသားနိုင်ငံကူးလက်မှတ်( Passport for Seaman-PS) အမျိုးအစား ကိုင်ဆောင်ထားသူများ သက်တမ်းတိုးလျှောက်သည့် အခါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြရမည်ဟု စစ်ကောင်စီက သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ယူလာရမည်ဟု ဆိုသည်။

ထို့အပြင် စင်ကာပူရောက်မြန်မာအချို့၏ ပတ်စ်ပိုစ်စာအုပ်များကိုလည်း တားမြစ်ခံထားရသည်ဟု အဆိုပါနိုင်ငံရောက်မြန်မာအချို့က ပြောသည်။

ထို့အပြင် စစ်ကောင်စီထံ လွှဲပို့ငွေများ မရောက်ရှိစေရန် အချိန်ကိုက်ဆောင်ရွက်ခြင်းသည် ဘဏ္ဍာရေးတိုက်စစ်တွင် တတပ်တအားပါဝင်ခြင်းဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် နိုင်ငံအသီးသီးသို့ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အထူးကျေးဇူးတင် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း NUGအစိုးရက ၂၀၂၃ ဒီဇင်ဘာက ထုတ်ပြန်ထားသည်။

အဖက်ဖက်က မရှုမလှရှုံးနိမ့်လျက်ရှိသော စစ်ကောင်စီသည် ၎င်းတို့ သက်ဆိုးရှည်စေရေးနှင့် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်ရန် အရေးတကြီးလိုအပ်နေသော နိုင်ငံခြားငွေ ဖြည့်ဆည်းနိုင်ရန်အတွက် ယင်း၏အမည်ခံ အလုပ်သမားဝန်ကြီးဌာန၊စစ်ကောင်စီဗဟိုဘဏ်၊ စစ်ကောင်စီထောက် တိုင်ဘဏ်များပူးပေါင်း၍ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ သမ္မာအာဇီဝချွေးနှဲစာအား အတင်းအဓမ္မ ခေါင်းပုံဖြတ်ရယူရန် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဆိုသည်။

ထို့အပြင် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသော တော်လှန်ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များနိုင်ငံတကာသံရုံးများပေးပို့၍ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့စ်)ပိတ်ပင်မှုများပြုလုပ်နေသည့် စစ်ကောင်စီ၏ ဌာနဆိုင်ရာများအား စစ်ရေးပစ်မှတ်အနေဖြင့် တိုက်ခိုက်မည်ဟု မြို့ပြအထူးစစ်ဆင်ရေး(Urban Special Operation – U.S.O) သတိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

KNLA၊ PDF ပူးပေါင်းတပ်က ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ၈ဦးသေဟု SOF ထုတ်ပြန်

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေရာ ယနေ့(စက်တင်ဘာ ၁၃)ည ၇နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက Y-12လေယာဉ်ဖြင့် ဗုံးပတ်ကြဲနေသည်။

သတင်း

ထိုင်းနိုင်ငံတွင် Non-ED ဗီဇာဖြင့် ကာလတိုသင်တန်း တတ်ရောက်နေသည့်‌ မြန်မာကျောင်းသားများကို PE အမျိုးအစားဖြင့်နိုင်ငံကူးလက်မှတ်(Passport)သတ်တမ်းတိုးခြင်းအား လုပ်ဆောင်ပေးတော့မည်မဟုတ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

သတင်း

လက်နက်ကြီး နှင့် လေကြောင်းပစ်ခတ်မီးရှို့ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တအိမ်တက်ဆင်းမီးရှိုခြင်းတို့ ပြုလုပ်ဟု သတင်းရင်းမြစ်အချို့ပြော