Connect with us

Hi, what are you looking for?

သတင်း

ဘူးသီးတောင်တွင် ရွာသား ၆၀၀ကျော်ကို AAသတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲချက် ဒေသတွင်း လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များ ကန့်ကွက်

ရက္ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ရွာသား(၆၀၀)ကျော်ကို အာရက္ခတပ်တော်(AA)မှ သတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များသည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လုပ်ကြံဖန်တီးဝါဒဖြန့်ချိမှုဖြစ်ပြီးယင်းလုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း မောင်တောခရိုင် မူဆလင်ဘာသာဝင် အကြီးအကဲများနှင့် လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များက ထုတ်ပြန်ကြေညာသည်။

သြဂုတ်-၂၃၊ ၂၀၂၅။ လူအေး/People’s Spring

ရက္ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ရွာသား(၆၀၀)ကျော်ကို အာရက္ခတပ်တော်(AA)မှ သတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များသည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လုပ်ကြံဖန်တီးဝါဒဖြန့်ချိမှုဖြစ်ပြီးယင်းလုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း မောင်တောခရိုင် မူဆလင်ဘာသာဝင် အကြီးအကဲများနှင့် လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များက ထုတ်ပြန်ကြေညာသည်။

မောင်တောခရိုင်အတွင်းရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ(အကြီးအကဲများ)၊ လူမှုရေးအသင်းအဖွဲ့ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိ/ဖ များ၊ တက်ကြွလှုပ်ရှားသူများ၊ လူငယ်ခေါင်းဆောင်များ စုစုပေါင်းလူဦးရေ(၁၆၀)ဦးက လက်မှတ်ရေးထိုးထားသည့် ကြေညာချက်ကို ယနေ့ ထုတ်ပြန်ခြင်းဖြစ်သည်။

ဘူးသီးတောင်မြို့နယ်၊ တန်းလျှောက်ခံရွာတွင် မူဆလင်ရွာသား လူပေါင်း(၆၀၀)ကျော်အား အာရက္ခတပ်တော်မှ သတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များသည် ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

AAနှင့် စစ်ကောင်စီတပ်များသည် ၂၀၂၄ ခုနှစ်၊ မေလ၂ရက်၊ ၃ရက်နေ့များတွင်တန်းလျှောက်ခံရွာ၌ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရာနှင့်ချီ၍ သေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ၏အလောင်းများ၊ ကြွင်းကျန်သော အရိုးစုများသည် AAက သတ်ဖြတ်ခဲ့သည့် ရွာသား(၆၀၀)ကျော်၏ အရိုးစုများဖြစ်ကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူအချို့က ပြောကြားခဲ့သလို စစ်ကောင်စီကလည်း ဩဂုတ် ၁၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

တန်းလျှောက်ခံရွာတွင် ၂၀၂၃ ခုနှစ် စစ်ကောင်စီ၏(လဝက) လူဦးရေစာရင်း ကောက်ယူဖော်ပြထားချက်အရ အိမ်ခြေ(၁၁၄)ဆောင်၊ လူဦးရေ(၉၃၃)ဦးရှိပြီး လက်ရှိစာရင်းကောက်ယူထားချက်အရ ဘူးသီးတောင်မြို့နယ်အတွင်းနေထိုင်သူ လူဦးရေ(၇၉၀)ဦး၊ ပြည်ပထွက်ခွာသွားသော လူဦးရေ (၁၃၈)ဦး၊ စုစုပေါင်းလူဦးရေ(၉၂၈)ဦးဖြစ်ပြီး လူဦးရေ(၆၀၀)ကျော် အသတ်ခံရသည် ဆိုခြင်းမှာ လုံးဝယုတ္တိမရှိသောမှားယွင်းသည့် လုပ်ကြံသတင်းဖော်ပြချက်များသာဖြစ်သည်ဟု မောင်တောခရိုင် မူဆလင်ဘာသာဝင် အကြီးအကဲများနှင့် လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များ၏ ယနေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုကဲ့သို့ လုပ်ကြံဖန်တီးဝါဒဖြန့်ချိမှုများသည် ဒေသအတွင်းအတူနေ ရက္ခိုင်နှင့်မူဆလင်လူမျိုးများအကြား သဟဇာတဖြစ်ရေး အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်ပျက်ပြားစေရုံမက အမုန်းအာဃာ တများ၊ အထင်အမြင်လွဲမှားမှုများ၊ မယုံကြည်မှုများကိုသာဖြစ်ပေါ်စေပြီး နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးနှစ်မျိုးကို မသင့်မြတ်အောင်ရန်တိုက်ပေးသည့်လုပ်ရပ်များသာဖြစ်သည်ဟု ဆိုထားသည်။

ထန်းရှောက်ခံကျေးရွာမှ ရိုဟင်ဂျာလူဦးရေ ၆၀၀ ကျော် သတ်ဖြတ်ခံရသည့်ဆိုသော စွပ်စွဲချက်များနှင့်ပက်သက်၍ စစ်ကောင်စီ၏ ထုတ်ပြန်ချက်ကိုလည်း AAက ပြစ်တင်ရှုတ်ချထားသည်။

စွပ်စွဲချက်မှာ မှန်ကန်မှုမရှိဘဲ အဆိုပါရုပ်အလောင်းများသည် ဘူးသီးတောင် မြို့အနီးရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၅)မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများ၏ အလောင်းများသာ ဖြစ်ကြောင်း၊ ရုပ်အလောင်းအရိုးစုများတွင် စီးထားသည့် စစ်ဖိနပ်များနှင့် စစ်ဦးထုပ်များက သက်သေဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ဩဂုတ် ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

စွပ်စွဲချက်များနှင့်ပတ်သက်၍ သတင်းမီဒီယာများအနေဖြင့် လာရောက် သတင်းရယူလိုလျှင် အာရက္ခပြည်သူ့အစိုးရအနေဖြင့် လုံခြုံရေးတာဝန်ယူကာ ရွာသို့ပို့ဆောင်ပေးမည်ဟုလည်း ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဘူးသီးတောင်မြို့ကို AAက ၂၀၂၄ မေလ ၁၈ရက်၌ သိမ်းယူခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။