Connect with us

Hi, what are you looking for?

ဘာသာပြန်ဆောင်းပါး

“အမေရိကန်အစိုးရ shutdown ဆိုတာဘာလဲ”

အထက်လွှတ်တော်ထဲမှာ ဘတ်ဂျတ်ကိစ္စ ညှိကြတာ အဆင်မပြေတဲ့နောက် အောက်တိုဘာ ၁ ရက်နေ့ကစလို့ အမေရိကန် ဖက်ဒရယ် အစိုးရ ယန္တရားကို ရပ်ဆိုင်းပြီး shutdownချလိုက်ရ(အ​မေရီကန်အစိုးရလုပ်ငန်းများရပ်ဆိုင်းရ)ပါတယ်။ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံကို စီမံအုပ်ချုပ်တဲ့ ကဏ္ဍမှာ အများကြီး အထိနာစေပြီးကျယ်ပြန့်တဲ့ ဂယက်ရိုက်ခတ်မှုတွေလည်း ရှိနိုင်ပါတယ်။

People’s Spring

အထက်လွှတ်တော်ထဲမှာ ဘတ်ဂျတ်ကိစ္စ ညှိကြတာ အဆင်မပြေတဲ့နောက် အောက်တိုဘာ ၁ ရက်နေ့ကစလို့ အမေရိကန် ဖက်ဒရယ် အစိုးရ ယန္တရားကို ရပ်ဆိုင်းပြီး shutdownချလိုက်ရ(အ​မေရီကန်အစိုးရလုပ်ငန်းများရပ်ဆိုင်းရ)ပါတယ်။ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံကို စီမံအုပ်ချုပ်တဲ့ ကဏ္ဍမှာ အများကြီး အထိနာစေပြီးကျယ်ပြန့်တဲ့ ဂယက်ရိုက်ခတ်မှုတွေလည်း ရှိနိုင်ပါတယ်။

အစိုးရလုပ်ငန်းတွေဆိုင်းငံ့ထားတဲ့ shutdown ကာလ ကြာရင် ကြာသလို သက်ရောက်မှုတွေကလည်း ပိုကြီးနိုင်ပါတယ်။ ဒီတော့ လက်ရှိ ကြုံနေတဲ့ အမေရိကန် အစိုးရ shutdownနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

●အစိုးရ shutdownဆိုတာ ဘာလဲ

Public Service Announcement

Public Service Announcement

အရိုးရှင်းဆုံး ပြောရရင်တော့သတ်မှတ်ကာလတစ်ခုအတွက် အစိုးရယန္တရား ရှေ့ဆက်လည်ပတ်ဖို့ လိုအပ်တဲ့ဘတ်ဂျတ်ကိုသမ္မတနဲ့လွှတ်တော်ကြားမှာ ညှိနှိုင်း သဘောတူလို့ မရတဲ့အတွက် အစိုးရ လုပ်ငန်းစဉ်တွေကို လျှော့ချရ၊ ဒါမှမဟုတ် ရပ်နားထားရတာပဲ ဖြစ်ပါတယ်။ အဲဒီအခါ ဝါရှင်တန်ဒီစီမှာ ရုံးထိုင်တဲ့ ဖက်ဒရယ်အစိုးရရဲ့ လက်အောက်ခံ ဌာနတွေ၊ အေဂျင်စီတွေအပေါ် သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။

●ဘယ်ဌာနတွေ ပိတ်မလဲ

အစိုးရ shutdown ဖြစ်သွားတဲ့အခါတချို့ အေဂျင်စီတွေချက်ချင်း လုပ်ငန်းရပ်ရပါတယ်။ ဖက်ဒရယ် အစိုးရ လက်အောက်ခံ ပန်းခြံတွေ၊ ပြတိုက်တွေ၊ အများပြည်သူ လည်ပတ်တဲ့ နေရာတွေက ချက်ချင်းပိတ်ရမှာပါ။ပြီးတော့ shutdown ကာလအတောအတွင်း သက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ခွင့်အဖြစ် သတ်မှတ်ပေးထားရပါတယ်။ မဖြစ်မနေ ဆက်လည်ပတ်ရမယ့် ဌာနမို့ အလုပ်လုပ်နေရရင်တောင်မှ shutdown ဖြစ်နေစဉ်အတွင်း ဖက်ဒရယ် ဝန်ထမ်းတွေဟာ လုပ်ခမရဘဲ ဖြစ်နေကြမှာပါ။ ကိုယ်ပိုင် ဝင်ငွေ ပြန်ရှာပြီး လည်ပတ်နိုင်တဲ့ စာတိုက်လုပ်ငန်းလိုဌာနတွေရသလောက်ဆက်ပြီး စခန်းသွားကြပါတယ်။

လူမှုဖူလုံရေးနဲ့ ကျန်းမာရေး လုပ်ငန်းတွေကတော့ မဖြစ်မနေ သတ်မှတ်ထားတဲ့အသုံးစရိတ်နဲ့ လည်ပတ်ပါတယ်။ နောက်ပြီး ‘မရှိမဖြစ်’လို့ ယူဆထားတဲ့ ဌာနတွေက ဝန်ထမ်းတွေဟာ အလုပ်ခွင် ဆက်ဝန်ရပါတယ်။ အဲဒီထဲမှာ စစ်မှုထမ်းတွေ၊ လေကြောင်း ထိန်းသိမ်းရေးမျှော်စင်ဝန်ထမ်းတွေ၊ ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)၊ သမ္မတရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ လျှို့ဝှက်အေးဂျင့်အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် (IEC)စတဲ့ ဌာနမျိုးတွေ ပါဝင်ပါတယ်။

●‘မရှိမဖြစ်’တွေကို ဘယ်သူရွေးချယ်သလဲ

အစိုးရ shutdown ဖြစ်နေတဲ့ ကာလအတောအတွင်း ဘယ်အေဂျင်စီတွေကတော့ ဆက်ပြီး လည်ပတ်ရမလဲ၊ ဘယ်ဝန်ထမ်းတွေကတော့ ရုံးမတက်ဘဲ နေရမလဲ ဆိုတာကို သက်ဆိုင်ရာ ဌာနအသီးသီးက သတ်မှတ် ရွေးချယ်ပါတယ်။ ‘မရှိမဖြစ်’ ဝန်ထမ်းတွေဟာ ပြည်သူ့လုံခြုံရေးနဲ့ အရေး

တကြီး ဝန်ဆောင်မှုတွေမှာ ကိုင်တွယ်ရသူတွေကို အဓိက ဆိုလိုပါတယ်။၂၀၁၈ နှစ်ကုန်ကနေ ၂၀၁၉ နှစ်ဆန်းထိ ကြာမြင့်ခဲ့တဲ့ shutdown အပြီးမှာ သတ်မှတ်လိုက်တဲ့ ဥပဒေသစ်အရ shutdown ကာလအတွင်း အလုပ်ဆင်းခဲ့တဲ့ ဝန်ထမ်းတွေဟာ အဲဒီကာလ ပြီးဆုံးတဲ့အခါ လစာကို အပြည့်ပြန်ရနိုင်မှာ ဖြစ်ပါတယ်။

●ဘယ်လောက်ထိ ကြာမလဲ

အတိအကျ မရှိပါဘူး။ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန်တွေကြားမှာ တင်းတင်းမာမာနဲ့ ညှိမရရင် shutdownကပိုကြာပါလိမ့်မယ်။သမိုင်းတလျှောက်မှာလည်း အစိုးရ အဆက်ဆက်ဟာ shutdownတွေ ကြုံခဲ့ဖူးပြီး မှတ်တမ်းတွေအရ လက်ရှိ shutdownဟာ ၁၁ ကြိမ်မြောက်ပါ။

အတိုဆုံး ကြုံဖူးတာက ၄ နာရီဝန်းကျင်ဖြစ်ပြီး အရှည်ဆုံးကတော့ ၃၅ ရက် ဖြစ်ပါတယ်။ လောလောဆယ် လွှတ်တော်မှာ ဖြေရှင်းမရဘဲ အငြင်းပွားနေတဲ့ ကိစ္စကတော့ ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တွေ ခွဲတမ်းသတ်မှတ်ရေး ဆိုတာပါပဲ။

●တရားစီရင်ရေးကို ထိခိုက်မလား

ဖက်ဒရယ် အစိုးရ လက်အောက်ခံ တရားရုံးတွေကအရန်ရန်ပုံငွေတွေကိုအသုံးပြုပြီးဆက်လည်ပတ်ပါတယ်။ ဒါပေမဲ့ shutdownကာလ ကြာသွားရင်တော့ အမှုစစ်ဆေးတာတွေ နှောင့်နှေးနိုင်ပါတယ်။ တရားသူကြီးတွေက ဆက်ပြီး လစာရနေပေမယ့် ဝန်ထမ်း အများအပြားက ခွင့်ရက်သတ်မှတ် ခံကြရမှာပါ။

●အစိုးရ ကန်ထရိုက်တာတွေ ဘာဖြစ်မလဲ

အစိုးရနဲ့ စာချုပ်ထားတဲ့ ကန်ထရိုက်တာတွေကတော့ ငွေချေမှုတွေ နှောင့်နှေးတာကို ကြုံရပါမယ်။ပေးချေမှုတွေနဲ့ပတ်သက်ပြီးလက်ရှိဘတ်ဂျတ် အစီအမံတွေကို စောင့်မျှော်နေရရင်တော့ ပိုပြီး ရှုပ်ထွေးတာတချို့ ဖြစ်နိုင်ပါတယ်။

●အစိုးရ shutdown ဘယ်လိုပြီးဆုံးမလဲ

လွှတ်တော်မှာ အငြင်းပွားလို့ ဖြစ်တဲ့ shutdown ကို ပယ်ဖျက်နိုင်တာ လွှတ်တော် ကိုယ်တိုင်ပါပဲ။ အစိုးရရဲ့ ဘတ်ဂျတ်အသစ်ကိုနှစ်ဖက် အင်အားစုတွေ အကျေအလည် ညှိနှိုင်းပြီးပြီ ဆိုရင်တော့ ချက်ချင်းပဲလုပ်ငန်းတွေပြန်လည်ပတ်နိုင်ပါတယ်။ ဒါပေမဲ့ shutdown ပြီးသွားရင်တောင် တချို့ ဝန်ထမ်းတွေအပေါ် ထိခိုက်သက်ရောက်တဲ့ ဂယက်တွေ ကျန်နေခဲ့နိုင်ပါတယ်။ နောက်ပြီး ဌာနတချို့က ဝန်ထမ်း လျှော့ချတာတွေ လုပ်ကောင်း လုပ်နိုင်ပါတယ်။

●ထရမ့်နဲ့ shutdown

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ shutdownနဲ့ မစိမ်းလှသူပါ။ သူ့ရဲ့ ပထမ သမ္မတသက်တမ်း ၄ နှစ်အတွင်းမှာလည်း shutdown နှစ်ကြိမ် ကြုံခဲ့ဖူးပြီးသား ဖြစ်ပါတယ်။ သမိုင်းမှာတော့ shutdown သုံးကြိမ် ကြုံဖူးတဲ့ အမေရိကန် သမ္မတဆိုလို့ သူနဲ့ ရော်နယ်လ် ရေဂင် နှစ်ဦးသာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရေဂင်လက်ထက်က ၃ ကြိမ်ရဲ့ စုစုပေါင်း ကြာမြင့်ချိန်က ၄၈ နာရီတောင် မပြည့်ခဲ့ပါဘူး။ထရမ့်ကတော့ ၂၀၁၈ နှစ်ကုန်ပိုင်းကနေ ၂၀၁၉ နှစ်ဆန်းထိ shutdownအတွင်း အစိုးရ ယန္တရား ၃၅ ရက်ကြာ ဆိုင်းငံ့ထားရတာမျိုးကို ကြုံတွေ့ခဲ့ပါတယ်။

ဓာတ်ပုံ – AP, The New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။