Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲမှာ ကိုယ်တိုင် ရှေ့တန်းထွက်ပြီး ကွပ်ကဲမယ့် အီသီယိုးပီးယား ဝန်ကြီးချုပ်

အဘီက မြို့တော် အဒစ်ဘာဘာမှာ ရှိမနေတဲ့ ကာလတလျှောက် ဒုတိယ ဝန်ကြီးချုပ်က အစိုးရကို ဦးဆောင်နေမှာ ဖြစ်ပါတယ်။ ဒီသတင်း မှန်ကန်ကြောင်း အစိုးရရဲ့ ပြန်ကြားရေး တာဝန်ခံကလည်း အတည်ပြုထားပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တစ်ဦး ဖြစ်ပေမယ့် အခုအခါမှာတော့ အီသီယိုးပီးယား ဝန်ကြီးချုပ်ဟာ စစ်ပွဲမှာ ကိုယ်တိုင် ကြီးကြပ် တိုက်ခိုက်ဖို့ ရှေ့တန်း ထွက်တော့မယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် အဘီ အာမက်က သူဟာ တီဂရေး ပြည်နယ် အစိုးရနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ဗဟို အစိုးရ လက်အောက်ခံ တပ်တွေကို ရှေ့တန်းထွက်ပြီး ကိုယ်တိုင် သွားရောက် ကြီးကြပ်မယ်လို့ ပြောဆိုထားဖူးပါတယ်။ အခုတော့ နိုင်ငံရဲ့ အုပ်ချုပ်ရေး တာဝန်တွေကို ဒုတိယ ဝန်ကြီးချုပ် ဒီမီကီ မီကွန်နန် ဟာဆန်ဆီ အဘီက လွှဲအပ်ပေးလိုက်ပြီလို့ အစိုးရပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အဘီက မြို့တော် အဒစ်ဘာဘာမှာ ရှိမနေတဲ့ ကာလတလျှောက် ဒုတိယ ဝန်ကြီးချုပ်က အစိုးရကို ဦးဆောင်နေမှာ ဖြစ်ပါတယ်။ ဒီသတင်း မှန်ကန်ကြောင်း အစိုးရရဲ့ ပြန်ကြားရေး တာဝန်ခံကလည်း အတည်ပြုထားပါတယ်။

တစ်နှစ်ကျော် ကြာမြင့်လာတဲ့ အီသီယိုးပီးယား ပြည်တွင်းစစ်မှာ တီဂရေး ပြည်နယ် အစိုးရကို သစ္စာခံတဲ့ သူပုန်တပ်တွေနဲ့ မဟာမိတ် လက်နက်ကိုင် အင်အားစုတွေက စစ်ရေးသာလာပြီး မြို့တချို့ကိုပါ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ အီသီယိုးပီးယား စစ်တပ်ဟာ စစ်မှုထမ်းဟောင်းတွေကိုပါ တပ်ထဲ ပြန်လာဖို့ တိုက်တွန်းထားပြီး မြို့တော် အဒစ်ဘာဘာက ပြည်သူတွေ အနေနဲ့လည်း ရရာလက်နက် ဆွဲကိုင်ပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ကြဖို့ နှိုးဆော်ထားပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာတော့ ကုန်းပိတ်နိုင်ငံဖြစ်တဲ့ အီသီယိုးပီးယားကို ဂျဘူတီနိုင်ငံက ဆိပ်ကမ်းနဲ့ ဆက်သွယ်ပေးထားတဲ့ ပင်မလမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ နှစ်ဖက် စစ်တပ်တွေ အပြင်းအထန် တိုက်ခိုက်နေကြပါတယ်။ တိုက်ပွဲရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ကိုတော့ အီသီယိုးပီးယား စစ်တပ်က ငြင်းဆိုထားပါတယ်။

ဝန်ကြီးချုပ် အဘီဟာ အာဏာရလာပြီး မကြာခင်မှာပဲ ရန်ဘက် အိမ်နီးချင်း အီရီထရီးယား နိုင်ငံနဲ့ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်နိုင်ခဲ့တာကြောင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ သမိုင်းကြောင်း ရှုပ်ထွေးလှတဲ့ အီသီယိုးပီးယား ပြည်တွင်းရေး ပြဿနာတွေကြောင့် ဗဟို အစိုးရနဲ့ တီဂရေး ပြည်နယ် အစိုးရတို့ကြား စစ်ခင်းကြတဲ့ အခြေအနေ ဆိုက်ရောက်လာပြီး အဘီကလည်း ငြိမ်းချမ်းရေး သမားကြီး အဖြစ်ကနေ ပြည်တွင်းစစ်မီးကို ကိုယ်တိုင် စမွှေးသူ တစ်ဦးအဖြစ် သမိုင်းဝင်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။