Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်အနှံ့ ထရမ့်ကို ဆန့်ကျင်တဲ့ No Kings ဆန္ဒပြပွဲတွေ ကျင်းပ၊ လူပေါင်း သန်းနဲ့ချီ ပါဝင်

အမေရိကန် နိုင်ငံရဲ့ ပြည်နယ် ၅၀ စလုံးမှာ စုစုပေါင်း လူသန်းနဲ့ချီ ပါဝင်တဲ့ အစိုးရ ဆန့်ကျင်ရေး ချီတက် ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် နိုင်ငံရဲ့ ပြည်နယ် ၅၀ စလုံးမှာ စုစုပေါင်း လူသန်းနဲ့ချီ ပါဝင်တဲ့ အစိုးရ ဆန့်ကျင်ရေး ချီတက် ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။

No Kings ဆန္ဒပြပွဲတွေရဲ့ ရည်ရွယ်ချက်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရရဲ့ မူဝါဒတွေဟာ အာဏာရှင်စနစ်ဆီ ပြောင်းလဲ ဦးတည်နေတာကို ဆန့်ကျင်ဖို့ ဖြစ်ပါတယ်။ ဆန္ဒပြ လှုပ်ရှားမှုတွေကို ဦးဆောင်နေသူတွေက အမေရိကန်မှာ ဘုရင်လို ပြုမူချင်သူတွေ ရှိမနေသင့်ဘူးလို့ ပြောပါတယ်။

ဇွန်လတုန်းကလည်း ပထမအကြိမ် No Kings ချီတက်ပွဲ တစ်ခုကို နိုင်ငံအနှံ့မှာ ပြုလုပ်ခဲ့ဖူးပြီး အမေရိကန် သမိုင်းမှာ ပါဝင်ပူးပေါင်းသူ အများဆုံး ဆန္ဒပြပွဲတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

စီစဉ်သူတွေကတော့ အောက်တိုဘာ ၁၈ ရက်နေ့က ဆန္ဒပြပွဲတွေကို နိုင်ငံအနှံ့က မြို့ကြီးတွေ၊ မြို့ငယ်တွေ၊ ကျေးရွာတွေမှာ အရေအတွက်အားဖြင့် စုစုပေါင်း ၂၆၀၀ ကျော်လောက်ထိ ပြုလုပ်ခဲ့ပြီး ပါဝင်ပူးပေါင်းသူ သန်းနဲ့ချီ များပြားခဲ့တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

နယူးယောက် မြို့ရဲ့ တိုင်းမ်စကွဲမှာတော့ ဆန္ဒပြသူ ၁ သိန်းကျော် ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ခဲ့ပြီး ဖမ်းဆီးမှုတွေ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဘော်စတွန်၊ ဖီလာဒဲလ်ဖီးယား၊ ချီကာဂိုနဲ့ ဆီယက်တဲလ်၊ ဟူစတန်၊ ဆန်ဒီယေးဂိုးတို့လို မြို့ကြီးတွေမှာလည်း ထောင်သောင်းချီ ပါဝင်တဲ့ ဆန္ဒပြ ချီတက်ပွဲတွေ အသီးသီး ကျင်းပခဲ့ပါတယ်။

အခု ဆန္ဒပြပွဲတွေရဲ့ သရုပ်သကန်က ထရမ့်ရဲ့ မူဝါဒတွေဟာ အမေရိကန် ပြည်သူတွေ၊ အထူးသဖြင့် လစ်ဘရယ် ဒီမိုကရက် အမြင်ဖက် ယိမ်းသူတွေကြားမှာ စိတ်အနှောင့်အယှက် ကြီးကြီးမားမား ရှိလာစေတယ် ဆိုတာကို ထင်ဟပ် မြင်သာစေကြောင်း နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

အထူးသဖြင့် တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို အကြမ်းပတမ်း ဖြိုခွင်းတာ၊ မြို့ကြီးတွေထဲမှာ စစ်တပ်တွေ ဖြန့်ကျက်စေတာမျိုးတွေအပေါ် သဘောမတွေ့သူတွေ အများကြီး ရှိလာပါတယ်။ ထရမ့်ကတော့ ဒါဟာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ကြီးစိုးထားရာ မြို့တွေမှာ ရာဇဝတ်မှုတွေ ကြီးထွားလာတာကို တိုက်ဖျက်ဖို့၊ ပြီးတော့ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ ဆုံးဖြတ်တွေလို့ အကြောင်းပြထားပါတယ်။

ဆန္ဒပြပွဲတွေ မတိုင်ခင် တစ်ရက်အလိုမှာ Fox သတင်းဌာနက No Kings ဆန္ဒပြပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေကြတာနဲ့ ပတ်သက်ပြီး သဘောထား မှတ်ချက် တောင်းခဲ့တဲ့အခါ ထရမ့်က ဆန္ဒပြသူတွေက သူ့ကို ဘုရင်တစ်ပါးလို့ ရည်ညွှန်းနေကြောင်း သူက ဘုရင်မဟုတ်ကြောင်း ခပ်အေးအေး တုံ့ပြန်ခဲ့ပါတယ်။ ထရမ့်ရဲ့ ဘက်တော်သား ရီပတ်ဘလစ်ကန် နိုင်ငံရေး အင်အားစုတွေကတော့ အဲဒီ ဆန္ဒပြပွဲတွေဟာ အမေရိကန် မုန်းတီးရေး လှုပ်ရှားမှုတွေသာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။