Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေခဲသေတ္တာတွေကို ဆိုက်ဘာတိုက်ခိုက်မှုက အီရန်လက်ချက်လို့ ပြင်သစ် စွပ်စွဲ

စျေးဝယ်စင်တာနဲ့ စူပါမားကက်တွေက ရေခဲသေတ္တာတွေကို ဆိုက်ဘာတိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ နောက်ကွယ်မှာ အီရန်နိုင်ငံ ရှိနေကြောင်း ပြင်သစ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - AFP

စျေးဝယ်စင်တာနဲ့ စူပါမားကက်တွေက ရေခဲသေတ္တာတွေကို ဆိုက်ဘာတိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ နောက်ကွယ်မှာ အီရန်နိုင်ငံ ရှိနေကြောင်း ပြင်သစ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အဲဒီ လုပ်ရပ်အတွက်လည်း ဥရောပ နိုင်ငံတွေ စုစည်းအားနဲ့ အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ် တုံ့ပြန်သွားမယ်လို့ ပြင်သစ်က နိုဝင်ဘာ ၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ပြင်သစ် အတွက်တော့ နိုင်ငံပိုင်နက်ထဲမှာ ပထမဆုံး အကြိမ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နဲ့ ဆိုက်ဘာ အဖျက်အမှောင့် လုပ်ရပ်ကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၁ နဲ့ ၁၂ ရက်နေ့တုန်းက ဆိုက်ဘာ တိုက်ခိုက်မှုတွေမှာ စူပါမားကက်တွေ၊ ကုန်စုံဆိုင်တွေ အများအပြားက ရေခဲသေတ္တာတွေရဲ့ ညဖက် ချန်ထားခဲ့တဲ့ အပူချိန်ကို သိသိသာသာ မြင့်တက်လာအောင် အဖျက်အမှောင့် ဟက်ကာတွေက ထိန်းချုပ် လုပ်ဆောင်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အစားအသောက် အများအပြား ပျက်စီးကုန်ပြီး လွှင့်ပစ်ခဲ့ရပါတယ်။

ပြင်သစ် အာဏာပိုင်တွေက ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က တရားခံကို စုံစမ်း ရှာဖွေခဲ့ပြီး နိုဝင်ဘာ ၉ ရက်မှာတော့ ဒီလို အဖျက်လုပ်ရပ်ကို ကျူးလွန်ခဲ့တာဟာ အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဂျင်းနိုဝဲလ် ဘားရော့တ်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဆိုက်ဘာ တိုက်ခိုက်မှုဟာ အတိုင်းအတာ ပမာဏ အရရော၊ ထိခိုက်ပျက်စီးစေလိုမှု ဆန္ဒအရပါ မကြုံဖူးလောက်အောင် ကြီးမားကြောင်း ပါရီမြို့တော်မှာ ကျင်းပတဲ့ G7 နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံမှာ ဘားရော့တ်က ပြောကြားခဲ့ပါတယ်။

ပြင်သစ် ရှေ့နေချုပ်ရုံးကလည်း အဲဒီ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး IRGCရဲ့ လျှို့ဝှက် ဆိုက်ဘာယူနစ်ဖြစ်တဲ့ ရှာဟစ်ဒ် ကာဗားရဲ့ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးသွားမယ်လို့ သီးခြား ထုတ်ပြန်ပါတယ်။

ဒီကိစ္စဟာ ပြင်သစ်ရဲ့ ပိုင်နက်ထဲမှာ ပထမဆုံး ကြုံဖူးတဲ့ အကြီးစား ဆိုက်ဘာ တိုက်ခိုက်မှု ဖြစ်လာပြီး အမျိုးသား အကျိုးစီးပွားနဲ့ ပြင်သစ်ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ရန်လိုမှုကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း ဘားရော့တ်က ဆိုပါတယ်။ ဒီလုပ်ရပ်တွေအတွက် ဥရောပ တစ်တိုက်လုံးအဆင့် တုံ့ပြန်မှုတွေကို ပြင်သစ်အနေနဲ့ အကောင်အထည် ဖော်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဘားရော့တ်ရဲ့ အဆိုအရ ပြင်သစ်ရဲ့ အစားအသောက် ဖြန့်ဖြူးရောင်းချရေး ကွန်ရက်ကို ပစ်မှတ်ထားခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက်မှုကို နေရာပေါင်း ၇၀၀ လောက်မှာ ထိခိုက် ခံစားခဲ့ရကြောင်း သိရပါတယ်။ အလားတူ ဖြစ်စဉ်မျိုးက တခြားဥရောပ နိုင်ငံတွေမှာလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့တုန်းက အနည်းဆုံး ဥရောပ နိုင်ငံ ၉ ခုမှာ စျေးဝယ်စင်တာတွေရဲ့ ရေခဲသေတ္တာတွေကို ပစ်မှတ်ထားခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် အပူချိန် ပြောင်းလဲပြီး အစားအသောက် အများအပြား လွှင့်ပစ်ခဲ့ရပါတယ်။

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားနဲ့ ဆက်ဆံရေး တင်းမာနေတဲ့ ဥရောပ အတွက်တော့ အဲဒီဖြစ်ရပ်ဟာ ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်ကို လျှော့မတွက်သင့်ကြောင်း မီးမောင်းထိုးပြမှုလည်း ဖြစ်လာပါတယ်။

ပြင်သစ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁၀ ရက် မနက်အစောပိုင်းထိ အခြေအနေအရ အီရန် အစိုးရက တရားဝင် တုံ့ပြန်တာ မရှိသေးပေမယ့် အီရန်မီဒီယာ တချို့ကတော့ ဒီကိစ္စဟာ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်လို့ တုံ့ပြန် ရေးသားနေကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဥရောပကို နျူကလီးယား လက်နက်တွေနဲ့ လွှမ်းခြုံ အကာအကွယ် ပေးနိုင်ဖို့အတွက် ပြင်သစ်ဟာ ဥရောပ ၁၀ နိုင်ငံနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အကျပ်အတည်း ကြုံနေတဲ့ ပြင်သစ်ရဲ့ အခြေအနေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရွှန်းဖောက် နောက်ပြောင်သွားပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် သူ့အစိုးရရဲ့ စီမံကိုင်တွယ်မှုအပိုင်းမှာ လစ်ဟာမှုတွေ ရှိခဲ့တာကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံက မြို့တစ်မြို့မှာ ဆန္ဒပြသူတွေ မီးတင်ရှို့ခဲ့တာကြောင့် သမိုင်းဝင် ရှေးဟောင်း အဆောက်အအုံတစ်ခု မီးလောင် ပျက်စီးသွားခဲ့ပါတယ်။