Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် စစ်လေယာဉ်တွေကြောင့် အလုပ်ရှုပ်သွားတဲ့ မလေးရှားလေတပ်

တရုတ် စစ်လေယာဉ်တွေ ချဉ်းကပ်လာမှုကြောင့် မလေးရှားက တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်စေပြီး လုံခြုံရေး စောင့်ကြပ်ခဲ့ရကြောင်း သိရပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၂ ရက်မှာ တရုတ် သံအရာရှိတွေကို ဆင့်ခေါ်ပြီး ဒီဖြစ်ရပ်အတွက် ဖြေရှင်းချက် တောင်းဆိုသွားမယ်လို့ ပြောပါတယ်။ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်ရဲ့ လေယာဉ် ၁၆ စီးဟာ တောင်တရုတ် ပင်လယ်ထဲက မလေးရှားရဲ့ အထူးစီးပွားရေးဇုန် သတ်မှတ် ဧရိယာနားထိ ချဉ်းကပ်ခဲ့တာလို့ ဆိုပါတယ။

ဘော်နီယို ကျွန်းဖက်ကို လေယာဉ်တွေ အုပ်စုဖွဲ့ ပျံသန်းလာတဲ့ မသင်္ကာစရာ လှုပ်ရှားမှုမျိုးကို မလေးရှား လေတပ်က ဇွန်လ ၁ ရက်မှာ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် ချက်ချင်း လိုအပ်သလို အရေးယူ တုံ့ပြန် ဆောင်ရွက်ခဲ့တာပါ။ တရုတ် လေယာဉ်တွေဟာ မလေးရှားရဲ့ ဆာရာဝက်ခ် ပြည်နယ်ကမ်းလွန် ရေမိုင် ၆၀ နားလောက်ထိ ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။

တရုတ် လေယာဉ်တွေဟာ ဒေသခံ လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကို အဆက်အသွယ် မလုပ်ခဲ့သလို မလေးရှားဖက်က အကြိမ်ကြိမ် စုံစမ်းမေးမြန်းမှုကိုလည်း မတုံ့ပြန်ခဲ့ပါဘူး။ ဒီလုပ်ရပ်မျိုးဟာ မလေးရှားရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍကိုရော၊ လေကြောင်း လုံခြုံရေး ကဏ္ဍကိုပါ အကြီးအကျယ် ခြိမ်းခြောက်ရာ ကျနေတယ်လို့ မလေးရှား လေတပ်က ဝေဖန်ခဲ့ပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဟီရှမ်မူဒင် ဟူစိန်က အခုဖြစ်ရပ်အပေါ် သံတမန် နည်းလမ်းအရ အရေးဆိုသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ မလေးရှားရဲ့ နိုင်ငံခြားရေး မူဝါဒက ရိုးရှင်းကြောင်း၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို မထိပါးတဲ့ ဘယ်နိုင်ငံကိုမဆို မိတ်ဆွေအဖြစ် သဘောထားမှာဖြစ်ကြောင်း သူက ဆိုပါတယ်။ အစောပိုင်းမှာ တရုတ်သံရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာတော့ တရုတ် စစ်လေယာဉ်တွေဟာ နိုင်ငံတကာ သတ်မှတ် စည်းမျဉ်းတွေနဲ့အညီ ပျံသန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ တောင်တရုတ်ပင်လယ်ပြင် ဧရိယာ တစ်ခုလုံးကို ပိုင်နယ် နက်မြေအဖြစ် သတ်မှတ်လိုတာကြောင့် မလေးရှား အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ရေပိုင်နက် အငြင်းပွားမှု ပြဿနာတွေ ပေါ်ပေါက်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။