Connect with us

Hi, what are you looking for?

သတင်း

ကရင်နီမှာ လူထုနဲ့ ​တော်လှန်​ရေးတပ်​တွေ တသားတည်းရှိ​​နေကြောင်းတွေ့ဆုံပွဲလုပ်ပြသ

ကရင်နီပြည်နယ်မှာတော်လှန်ရေးတပ်ဖွဲ့​တွေနဲ့လူထုတစ်သားတည်းရှိနေတဲ့အကြောင်းပြသဖို့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း (၄)က ဒီဇင်ဘာ ၃ ရက်​နေ့မှာထုတ်ပြန်ပါတယ်။

ဓါတ်ပုံ-KNDF တပ်ရင်း(၄)

ဒီဇင်ဘာ-၄၊၂၀၂၅။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ်မှာတော်လှန်ရေးတပ်ဖွဲ့​တွေနဲ့လူထုတစ်သားတည်းရှိနေတဲ့အကြောင်းပြသဖို့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း (၄)က ဒီဇင်ဘာ ၃ ရက်​နေ့မှာထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ့်အနောက်ခြမ်းမှာ လွန်ခဲ့တဲ့ငါးရက်က (နိုဝင်ဘာ ၂၉ ရက်)မှာပြုလုပ်ခဲ့တဲ့ အခမ်းအနားကို KA၊ KNPDP၊ KNPLF တာဝန်ရှိသူတွေနဲ့ Iကရင်နီပြည် ကြားကာလအုပ်ချုပ်​ရေး​ကောင်စီ(IEC) မြို့ နယ်တာဝန်ရှိသူတွေ ပါဝင်ခဲ့တယ်လို့ ​ဖော်ပြပါတယ် ။

အခမ်းအနားမှာစစ်ကြောင်းချီတက်တာ၊အလံအလေးပြုတာ၊ သစ္စာအဓိဌာန်ရွတ်ဆိုတာ၊အာဇာနည်သူရဲကောင်းတွေကိုအလေးပြုတာနဲ့တက်ရောက်လာတဲ့ တပ်ပေါင်းစု ကိုယ်စားလှယ်တွေက အမှာစကားပြောခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးကို သစ္စာရှိဖို့၊ လူထုကိုသစ္စာရှိရှိကာကွယ်ပေးဖို့ နဲ့ လက်နက်ကိုင် ရတဲ့လုပ်ငန်းစဥ်က ဒီဘက်ခေတ်မှာနောက်ဆုံးဖြစ်ဖို့ KNDF စစ်ရေးချုပ်ခွန်ရီးဒူးက ပြောတယ်”လို့အခမ်းအနားနဲ့ပတ်သက်လို့ KNDF ရဲဘော်တစ်ဦးက ပြောပါတယ်။

တွေဆုံမှုအခမ်းအနားမှာတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ (ကယာ၊ကယန်း၊ကယော၊မနော၊ပရဲ့၊ဂေဘား)အမျိုးသား အလံတွေကိုလည်း လွင့်ထူခဲ့ပါတယ်။

အဲဒါ့အပြင်အခမ်းနားကိုပြည်သူလူထု(၆၀၀)ကျော်တက်‌ရောက်ခဲ့တယ်လို့ သိရပါတယ်။

လူထု‌နဲ့တွေ့ဆုံတဲ့အစီစဉ်ကို ပြုလုပ်ရတဲ့အဓိက ရည်ရွယ်ချက်က တော်လှန်ရေးတပ်ဖွဲ့တွေမှာ လူထုနဲ့တစ်သားတည်းရှိနေတာနဲ့ကရင်နီဒေသမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွှတ်ရေးနဲ့ ပိုမိုကောင်းမွန်​တဲ့ စနစ်ဖြစ်ဖို့လို့ KNDF တပ်ရင်း ၄ က အသိပေးပါတယ်။

အဲဒါ့အပြင် အရွေ့တစ်ခုကို သွားနိုင်ဖို့နဲ့ ပြည်သူလူထုတွေ မတရားဖိနှိပ်တာကို သိမြင် နားလည် သဘောပေါက်ပြီး တော်လှန်ရေး မှာ လူထုပါဝင်မှုနှုန်းမလျော့ကျပဲဆက်လက်ပံ့ပိုးဖေးမကူညီနိုင်ဖို့ ရည်ရွယ်လူထုနဲ့ တွေ့ဆုံပွဲတစ်ရပ်ကို ပြုလုပ်ရတာလို့ သိရပါတယ်။

စစ်ကောင်စီက ကရင်နီပြည်နယ်မယ်စဲ့၊ဖားဆောင်း နဲ့ ရှားတော မြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ တွင် ရွေးကောက်ပွဲ ကျင်းပဖို့ကြေညာထားပါတယ်။

ဒါပေမယ့် စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲကို အလုံးစုံကန့်ကွက်တာနဲ့ ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်း ကရင်နီ​တော်လှန်​ရေးအင်အားစုတွေက တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။