Connect with us

Hi, what are you looking for?

သတင်း

ရှမ်းတောင်နဲ့ ကရင်နီအစပ် လွယ်ယင်းတောင်ခြေရွာမှာ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

(ရှေ့တန်းစစ်မျက်နှာမှာ တွေ့ရတဲ့ မိုးဗြဲ PDF ရဲဘော် ၁ဦး။ ဓာတ်ပုံ - Mobye PDF)

အောက်တိုဘာ-၉၊၂၀၂၆။ဇော်၀င်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၇ ရက်ကတည်းက မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေကျေးရွာမှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

အောက်တိုဘာ ၈ ရက်လည်း တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်မှုများတဲ့ စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာလာရောက်ကြဲချတာ ရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“Y 12 နဲ့ချည်းပဲကို ဗုံး အလုံး ၃၀ ကျော်တယ်။ထိတာတွေရှိတယ်။မနေ့က စစ်ရှောင်နှစ်ဦးဆုံးသွားတယ်”လို့ မိုးဗြဲမြို့ခံသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့နေအိမ်အများအပြားထိခိုက်ပျက်စီးပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ မိသားစုနဲ့အတူ ထပ်တူ၀မ်းနည်းရတယ်လို့လည်း MBPDF က ဆိုပါတယ်။

လက်ရှိမှာ စစ်တပ်က လေကြောင်းအသုံးပြုတာများလာတဲ့အတွက် စစ်ရှောင်ပြည်သူတွေအနေနဲ့သတိရှိစွာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ပေါင်းစု နဲ့ စစ်တပ်အကြား အချိန်မရွေးတိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်တာကြောင့် ကန့်သတ်ထားတဲ့နယ်မြေအတွင်းကို ဖြတ်သန်းသွားလာတာမလုပ်ကြဖို့လည်း သတိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့အနောက်ခြမ်း လွယ်ဝိုင်းနဲ့ လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်-သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်းရွာအနီးမှာ ဒီနေ့မနက် အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေကပြောပါတယ်။

သတင်း

မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာ​ကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အမြင့်ကျွန်းအနီးတိုက်ပွဲစစ်သား၂၀ဦးထက်မနည်းသေဆုံး၊ စစ်တပ်ကပေါက်တောနဲ့ ပုဏ္ဏားကျွန်းကိုလေယာဉ်အုပ်နဲ့ ဗုံးကြဲ

သတင်း

မိုးမိတ်-မိုးကုတ်လမ်းပေါ်က (၇)မိုင်အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။