Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်နဲ့ မန္တလေးမှာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး အင်္ကျီဝတ်ဆင် လှုပ်ရှားမှုလုပ်

ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ လူငယ်တွေက Election Not Demo (ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်) စာသားပါတဲ့ အင်္ကျီတွေဝတ်ဆင်ပြီး စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီကနေ့ (ဒီဇင်ဘာ ၂၅) မှာ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဒီဇင်ဘာ-၂၅၊၂၀၂၅။ သုည/People’s Spring

ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ လူငယ်တွေက Election Not Demo (ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်) စာသားပါတဲ့ အင်္ကျီတွေဝတ်ဆင်ပြီး စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီကနေ့ (ဒီဇင်ဘာ ၂၅) မှာ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားရဲဘော်တွေက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် မြို့ကြီးတွေမှာ လုံခြုံရေးတင်းကြပ်စွာ လှည့်လည်နေသော်လည်း တော်လှန်ပြည်သူတွေက စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဗကသများအဖွဲ့ချုပ်

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။

သတင်း

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။