Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့က ပုဂ္ဂလိကဆေးရုံတွေကို စစ်တပ် ပိတ်ခိုင်းထား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က ပုဂ္ဂလိကဆေးရုံကြီးအားလုံးကို လိုင်စင်ပြန်လည်စိစစ်မယ်ဆိုပြီး စစ်အုပ်စုက ပိတ်ခိုင်းထားတာကြောင့် လူနာတွေ အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ-၁၁၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က ပုဂ္ဂလိကဆေးရုံကြီးအားလုံးကို လိုင်စင်ပြန်လည်စိစစ်မယ်ဆိုပြီး စစ်အုပ်စုက ပိတ်ခိုင်းထားတာကြောင့် လူနာတွေ အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိ ရွှေဘိုမြို့မှာ မိုးကောင်းနေတာကြောင့် လူနာတွေဟာ မိုးထဲလေထဲ ပြောင်းရွှေ့ခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့ပေါ်က မေခ၊ ရွှေပလောင်၊ ရွှေစံပြ၊ အောင်မြေ၊ တော်ဝင်စတဲ့ဆေးရုံတွေကို လိုင်စင်ကိစ္စကြောင့်ဆိုပြီး စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်နဲ့ နိုဝင်ဘာ ၈ ရက်က အကြောင်းကြားစာပို့ခဲ့တာလို့ သိရပါတယ်။ နိုဝင်ဘာ ၉ ရက်မှာ ဆေးရုံတွေက လူနာအားလုံးကို အပြီး ပြောင်းရွှေ့ခိုင်းခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တချို့က အိမ်ဆေးခန်းလေးတွေ သွား၊ တချို့ကျ မန္တလေးပြောင်းကြတာတွေလည်းရှိတယ်။ ပိတ်ခိုင်းတဲ့အချိန်က တနေ့လုံး မိုးတွေရွာနေတဲ့ ရက်တွေ ဆိုတော့ လူနာတွေ ဒုက္ခရောက်တာပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လိုင်စင်သက်တမ်းလွန်တာနဲ့ လိုင်စင်တွေပြန်လည်စိစစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ခိုင်းထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ပုဂ္ဂလိက ဆေးရုံတွေ အားလုံး ပိတ်လိုက်ရတာကြောင့် ရွှေဘိုပြည်သူ့ဆေးရုံမှာလည်း လူပြည့်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ လိုင်စင်ကိစ္စညှိုနှိုင်းနေတယ်လို့ သိရပြီး ထွေအုပ်စာမှာတော့ ခွင့်ပြုချက်တစုံတရာ မရမချင်း မဖွင့်လှစ်ရဘူးလို့ ရေးသားထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook