Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘီလားရုစ်မှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ စတင်ဖြန့်ကျက်ကြောင်း ရုရှား အတည်ပြု

အစွမ်းထက် ဟိုက်ပါဆောနစ် ဒုံးကျည် အမျိုးအစားသစ် Oreshnikကို အိမ်နီးချင်း ဘီလားရုစ် နိုင်ငံမှာ စတင် ဖြန့်ကျက်ထားကြောင်း ရုရှားက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

အစွမ်းထက် ဟိုက်ပါဆောနစ် ဒုံးကျည် အမျိုးအစားသစ် Oreshnikကို အိမ်နီးချင်း ဘီလားရုစ် နိုင်ငံမှာ စတင် ဖြန့်ကျက်ထားကြောင်း ရုရှားက ကြေညာခဲ့ပါတယ်။

ဒါဟာ ဥရောပ နိုင်ငံတွေကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်နိုင်စွမ်းကို ပိုမို မြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ အခင်းအကျင်းတစ်ခု ဖြစ်ဖွယ် ရှိပါတယ်။ ရုရှား အစိုးရပိုင် TASS သတင်းဌာနက အဲဒီ သတင်းကို အတည်ပြုခဲ့သလို Oreshnik ဒုံးကျည် စနစ်ကို ဖြန့်ကျက်နေတဲ့ မှတ်တမ်း ဗီဒီယိုတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်တဲ့ Oreshnikဟာ အသံထက် ၁၀ ဆကျော် ပိုမြန်ပြီး ကမ္ဘာပေါ်မှာ ရှိနေတဲ့ ဘယ်ကာကွယ်ရေး လက်နက်စနစ်ကမှ ကြားဖြတ် ဟန့်တားနိုင်မှာ မဟုတ်ကြောင်း ကြွေးကြော်ထားပါတယ်။

စစ်ရေး သုတေသီတွေက ရုရှားဟာ မဟာမိတ် ဘီလားရုစ် နိုင်ငံပိုင်နက်ထဲမှာ မဟာဗျူဟာ ဒုံးကျည်တွေ ဖြန့်ကျက်ထားခြင်းအားဖြင့် NATO စစ်မဟာမိတ် အဖွဲ့အပေါ် ပိုပြီး ဟန့်တား ခြိမ်းခြောက်နိုင်စွမ်းမျိုး ပိုင်ဆိုင်လာနိုင်ကြောင်း ထောက်ပြကြပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားနဲ့ NATOတို့ဟာ ယူကရိန်းစစ်ပွဲကို အကြောင်းပြုပြီး ဆက်ဆံရေး သိသိသာသာ တင်းမာ အေးခဲလာခဲ့ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ပြုမှုကို ခံနေရတဲ့ ယူကရိန်းကို NATOက ငွေကြေးနဲ့ လက်နက်တွေ အလုံးအရင်း ထောက်ပံ့ပေးနေပါတယ်။

ရုရှားစစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးကတော့ အဲဒီ ဒုံးကျည်တွေကို တိုက်ခိုက်ရေး တာဝန်အတွက် တရားဝင် ဖြန့်ကျက်ထားတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှာတော့ ဆီးနှင်းတွေ ကျဆင်းနေတဲ့ တစ်နေရာမှာ ဒုံးကျည်တင် ထရပ်ကားကြီးတွေ မောင်းနှင်နေတာကို တွေ့ခဲ့ရပါတယ်။

ရုရှားဟာ သမားရိုးကျ ထိပ်ဖူး တပ်ဆင်ထားတဲ့ Orenshnik ဒုံးကျည်တစ်စင်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ယူကရိန်းက စစ်ရေးပစ်မှတ်တစ်ခုကို လက်တွေ့ပစ်ခတ် တိုက်ခိုက်ခဲ့ဖူးပါတယ်။

ပူတင်က အဲဒီ ဒုံးကျည်တွေဟာ ကီလိုမီတာ ၅၅၀၀ လောက်ထိ ပျံသန်းနိုင်ပြီး အရမ်းမြန်လွန်းတာကြောင့် ဘယ်ကာကွယ်ရေး လက်နက်ကမှ မဟန့်တားနိုင်ဘူးလို့ ကြုံးဝါးထားပါတယ်။ ပူတင်ရဲ့ စကားသာ အမှန်ဆိုရင် ရုရှားဟာ ဥရောပ တိုက်ကိုရော၊ အမေရိကန်ရဲ့ အနောက်ဖက် ကမ်းရိုးတန်း ဒေသတွေကိုပါ အဲဒီဒုံးကျည်နဲ့ တိုက်ခိုက်ဖို့ လက်လှမ်းမီမယ့် သဘော ဖြစ်ပါတယ်။

တခြားတစ်ဖက်မှာတော့ အဲဒီ ဒုံးကျည်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး တိတိကျကျ အတည်ပြုဖို့ ခက်ခဲသလို ပူတင် ပြောထားသလောက် ထက်မြက်ရဲ့လား ဆိုတာကို သံသယနဲ့ ဆန်းစစ် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆပိုမြန်တဲ့ နှုန်းကို ဆိုလိုတာပါ။ ဟိုက်ပါဆောနစ် စစ်လက်နက်တွေ ထုတ်လုပ်ခြင်းဟာ ရုရှား၊ အမေရိကန်နဲ့ တရုတ်တို့လို လက်နက် အင်အားကြီး နိုင်ငံတွေက အဓိက အာရုံစိုက် ပြိုင်ဆိုင်နေတဲ့ လက်နက် နည်းပညာလည်း ဖြစ်လာခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။