Connect with us

Hi, what are you looking for?

သတင်း

NUCCနဲ့ NUG အားကောင်းခိုင်မာတဲ့ တော်လှန်ရေး ဦးဆောင်မှုဖြစ်ပေါ်ရေး တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ဇန်နဝါရီ ၂၅ရက်က တွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း NUCCနဲ့ NUGက သတင်းထုတ်ပြန်ပါတယ်။

(အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ဇန်နဝါရီ ၂၅ရက်က အွန်လိုင်းကတဆင့်ရတွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG)

ဇန်နဝါရီ-၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ဇန်နဝါရီ ၂၅ရက်က တွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း NUCCနဲ့ NUGက သတင်းထုတ်ပြန်ပါတယ်။

ဆွေးနွေးမှု ၄နာရီ ကြာမြင့်ခဲ့ပြီး အားကောင်းခိုင်မာတဲ့ တော်လှန်ရေးဦးဆောင်မှုတခုပေါ်ပေါက်စေဖို့အပြင် အင်အားစုတွေအကြား သဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းဖြေရှင်းနိုင်ရေးတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း အသိပေးထားပြီး ကောင်းမွန်တဲ့ သဘောတူညီမှု များစွာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

NUCCနဲ့ NUG တို့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်ကို ဖော်ပြထားတာတော့ မရှိပါဘူး။

Public Service Announcement

Public Service Announcement

ဆွေးနွေးပွဲကို NUCCမှာ ပါဝင်တဲ့ ပြည်နယ်၊ ဖက်ဒရယ်ယူနစ် အစုအဖွဲ့တွေဘက်က ကောင်စီဝင်ခေါင်းဆောင်တွေ အပါအဝင် ကျန် အစုအဖွဲ့အသီးသီးက ကောင်စီဝင်တွေ တက်ရောက်ခဲ့သလို NUG ဘက်က Political Coordination Commission (PCC)တွင်ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

NUGအနေနဲ့ မကြာသေးမီက အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲ ရေးပြုလုပ်ခဲ့ရာ ယခင် ဝန်ကြီး၊ ဒုဝန်ကြီးတွေကို ရာထူးတာဝန် ၊ နေရာပြောင်းလဲ ခန့်အပ်တာဝန်ပေးတာ၊ ဝန်ကြီးဌာနတွေကို ပိုမိုကျစ်လစ်အောင် ဖွဲ့စည်းတာ၊ ဖျက်သိမ်းတာ၊ပေါင်းစည်းတာ တွေ လုပ်ဆောင်ခဲ့ပါတယ်။

NUGအနေနဲ့ ပိုအားကောင်းတဲ့ နိုင်ငံရေးဦးဆောင်မှု ဖြစ်ပေါ်လာရေး တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ပြုပြင်ပြောင်းလဲရေးအတွက်လည်း ဆက်လက်ကြိုးစားသွားဖို့ရှိကြောင်း အသိပေးထားပါတယ်။

NUCCဟာလည်း တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကို ပေါင်းစပ်ပေးတဲ့စုဖွဲ့မှု ဖြစ်ပြီး ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီတွေ၊ သမဂ္ဂ၊ အမျိုးမသီး၊ လူငယ်နဲ့ လူနည်းစုဆိုင်ရာ အဖွဲ့တွေ၊ အရပ်ဘက် အဖွဲ့တွေ အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ ပါဝင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ အပါအဝင် CDM လှုပ်ရှားမှု ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူထု သပိတ်လှုပ်ရှားမှု ဆိုင်ရာ အဖွဲ့တွေ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်/ လူမျိုး ကိုယ်စားပြု အဖွဲ့အစည်း/ကောင်စီ တွေ ပါဝင်ပါတယ်။ ဒါပမဲ့ အခုနောက်ပိုင်းအဖွဲ့အချို့ဟာ NUCCမှာ ပါဝင်မှု ယာယီရပ်ဆိုင်းတဲ့ ဖြစ်စဉ်အချို့ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။