Connect with us

Hi, what are you looking for?

သတင်း

ပြည်သူမထောက်ခံတဲ့ စစ်တပ်ရဲ့ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဖို့၊ ပေါ်လာမယ့် အစုအဖွဲ့ကို အစိုးရအဖြစ်တရားဝင်မှုမပေးဖို့ NUCCနဲ့ NUG တောင်းဆို

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ရဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့သဘောထား ကြေညာချက်ကို ဒီကနေ့ ဇန်နဝါရီ ၂၉ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကရင်ပြည်နယ်မှာ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဒေသခံတွေ ဇန်နဝါရီ ၁၇ရက်က ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - KNU

ဇန်နဝါရီ-၂၉၊၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ရဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့သဘောထား ကြေညာချက်ကို ဒီကနေ့ ဇန်နဝါရီ ၂၉ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ပြည်သူမထောက်ခံတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဖို့ အဲဒီရလဒ်ကနေ ပေါ်လာမယ့်အစုအဖွဲကို အစိုးရအဖြစ် တရားဝင်မှုမပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းထားတဲ့ တရားမဝင်စစ်အုပ်စုဟာ ရွေးကောက်ပွဲတရပ်ကို ကျင်းပပိုင်ခွင့် မရှိလို့ စစ်အုပ်စု ရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိတဲ့အပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ တရားဝင် မှုရှိနေဆဲဖြစ်ကြောင်း NUCCနဲ့ NUGက ထပ်လောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

” အကြမ်းဖက်စစ်အုပ်စုကလုပ်တဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲဟာ ဒါတရားဝင်မှုလည်းမရှိဘူး နောက်ပြီးတော့ ပြည်သူလူထုကိုလည်း ကိုယ်စားမပြုဘူး။ အဲဒီအတွက်ကြောင့် မို့လို့ ဒီကနေပြီးတော့ ပေါ်ပေါက်လာမယ့် ရလဒ် တွေ၊ ပေါ်ပေါက်လာမယ့် စစ်အုပ်စုရဲ့ လက်ဝေခံ ဟန်ပြ အစုအဖွဲ့ အစိုးရလို့ အမည်ခံထားတဲ့ ဟန်ပြ အစုအဖွဲ့ကို ဒါအသိအမှတ်မပြုကြဖို့ မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် လက်မခံကြဖို့ နိုင်ငံတကာကို အဓိက Messageပေးချင်တဲ့ သဘောပါပဲ”လို့ NUGပြည်ထောင်စုဝန်ကြီးချုပ် ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

တော်လှန်ရေးအင်အားစုများအနေနဲ့ တော်လှန်ရေးရဲ့ ရည်မှန်းချက်များ ပြီးပြည့်စုံတဲ့အထိ ဆက်လက်တိုက်ပွဲဝင် သွားမယ်လို့လည်း NUCCနဲ့ NUGက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အတုအယောင် ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ပါက မြန်မာနိုင်ငံရဲ့ အရေးကို ဖြေရှင်းရာ မရောက်ဘဲ ပိုမိုရှုပ်ထွေးတဲ့ အဆိုးကျော့သံသရာထဲသို့ သွတ်သွင်းလိုက်ခြင်း ဖြစ်စေနိုင်တာကြောင့် စစ်တပ်ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ အတုအယောင်ရလဒ်တွေကို လက်မခံဖို့ NUCCနဲ့ NUGက တိုက်တွန်းထားပြီး အဲဒီရလဒ်ကပေါ်ပေါက်လာမည့် အစိုးရအမည်ခံ စစ်အုပ်စုအလိုကျ ဟန်ပြအစုအဖွဲ့ကိုလည်း မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် တရားဝင်မှုပေးမယ့် ဘယ်လုပ်ရပ်မျိုးမဆို ဆောင်ရွက်ခြင်းမပြုဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံအနေဖြင့်လည်း အာဆီယံဘုံသဘော တူညီချက် (၅) ချက်ကို လေးစားလိုက်နာခြင်းအလျဉ်းမရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲရလဒ်နဲ့ အစိုးရအမည်ခံ ဟန်ပြအစုအဖွဲ့ကို လုံးဝလက်မခံ ကြောင်း တိကျပြတ်သားတဲ့ ထုတ်ပြန်ကြေညာမှုတွေ ပြုုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၃)ပိုင်းစလုံးနဲ့ပတ်သက်တဲ့ မြင်ကွင်းတွေ၊ သတင်းအချက်အလက်တွေအရ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးအတွက် ပြည်သူလူထုအား ခြိမ်းခြောက်ဖိနှိပ်တာ၊ စစ်အုပ်စုက ဆက်လက်အာဏာဆွဲကိုင်နိုင်ရေး ရည်ရွယ်တာတင်မကဘဲ ကြိုတင်မဲတွေကဲ့သို့ မဲလိမ်မဲခိုးတာ၊ အတင်းအကျပ်မဲတွေရယူတာ စတဲ့ မတရားတဲ့ နည်းလမ်းပေါင်းစုံနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် ပြည်သူလူထုတရပ်လုံးက ကောင်းစွာပူးပေါင်း ဆောင်ရွက် ခြင်းမရှိဘဲ တခဲနက်ဆန့်ကျင်ခဲ့ကြတာကို ကြည့်ရင် ပြည်သူထောက်ခံမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တာ ပေါ်လွင်ထင် ရှားနေပြီဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

စစ်အုပ်စုရဲ့ ပြင်းထန်ရက်စက်တဲ့ ဖိနှိပ်မှုတွေ ကြားက မိမိတို့ရဲ့ အခြေခံလူ့အခွင့်အရေးကို အသုံးပြုပြီး အမှန်တရားဘက်မှ ရပ်တည်ကာ အတုအယောင် ရွေးကောက်ပွဲအား မဲမပေးခြင်းအားဖြင့် ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသော ပြည်သူတဦး တယောက်ချင်းစီတိုင်းအား လေးစားစွာ ဂုဏ်ပြု မှတ်တမ်းတင်ကြောင်းလည်း NUCCနဲ့ NUGက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်းသုံးပိုင်းစလုံး မဲပေးတဲ့ ပြည်သူတွေနည်းပေမယ့် အောင်မြင်တယ်လို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ