Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Starlink ချိတ်ဆက်မှုတွေကို ပိတ်ခဲ့တဲ့ အီလွန်မတ်စ်ကို ယူကရိန်း ချီးကျူး

Starlink ဂြိုဟ်တု အင်တာနက် ကွန်ရက်ကို ရုရှားတပ်တွေ ချိတ်ဆက်လို့ မရအောင် အမေရိကန် လုပ်ငန်းရှင် သူဌေးကြီး အီလွန်မတ်စ်ခ်က ကန့်သတ်လာတဲ့အပေါ် ယူကရိန်းက ချီးကျူးကြိုဆိုလိုက်ပါတယ်။

Starlink ဂြိုဟ်တု အင်တာနက် ကွန်ရက်ကို ရုရှားတပ်တွေ ချိတ်ဆက်လို့ မရအောင် အမေရိကန် လုပ်ငန်းရှင် သူဌေးကြီး အီလွန်မတ်စ်ခ်က ကန့်သတ်လာတဲ့အပေါ် ယူကရိန်းက ချီးကျူးကြိုဆိုလိုက်ပါတယ်။

SpaceX ကုမ္ပဏီ ထူထောင်သူ မတ်စ်ခ်ဟာ အခုလုပ်ရပ်ကြောင့် ယူကရိန်း ပြည်သူတွေအတွက် မိတ်ဆွေစစ်၊ လွတ်လပ်မှုရဲ့ တကယ့် ချန်ပီယံတစ်ဦးဆိုတာ အထင်အရှား ပြသလိုက်တာ ဖြစ်တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး မစ်ခေးလို ဖီဒိုရော့ဗ်က ညွှန်းဆိုခဲ့ပါတယ်။

SpaceXရဲ့ ဂြိုဟ်တုတွေက ထောက်ပံ့ပေးထားတဲ့ Starklink အင်တာနက် ချိတ်ဆက်မှုကို ရုရှားဒရုန်းတွေက ယူကရိန်း ပိုင်နက်ထဲမှာ အသုံးပြုနေကြောင်း ယူကရိန်းက ကြေညာပြီး မကြာခင်မှာပဲ မတ်စ်ခ် မြန်မြန်ဆန်ဆန် တုံ့ပြန်လာတာလို့ ဖီဒိုရော့ဗ်က ဆိုပါတယ်။

Starlinkနဲ့ ချိတ်ဆက်ပြီး ပျံသန်းတဲ့အတွက် ရုရှားဒရုန်းတွေဟာ ပိုပြီး ခရီးဝေးဝေးထိ ရောက်ရှိနိုင်တဲ့ အားသာချက်တွေ ပိုင်ဆိုင်လာခဲ့တယ်လို့ အစောပိုင်းမှာ ယူကရိန်း စစ်ရေးသုတေသီတွေက ထောက်ပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

မကြာသေးခင်က ယူကရိန်းမှာ ဖြစ်ပွားခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှု အတော်များများမှာ ရုရှားဒရုန်းတွေဟာ Starlink ဂြိုဟ်တုကွန်ရက်တွေကို ချိတ်ဆက်ပြီး ရန်သူ့နယ်မြေ အတွင်းဆုံး အပိုင်းတွေထိ ပျံသန်းခဲ့ကြကြောင်း သိရပါတယ်။

မတ်စ်ခ်က Starlinkကို ရုရှားက တရားဝင် ခွင့်ပြုချက် မရှိဘဲ အသုံးပြုနေတာကို ပိတ်ပင်ဖို့ လုပ်ဆောင်ခဲ့ပြီး တကယ်လည်း ထိရောက်ခဲ့ပုံပေါ်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ တကယ်လို့ ဒီထက်ပိုပြီး လုပ်ဆောင်စရာတွေ ရှိနေရင်လည်း SpaceXကို အသိပေးစေလိုကြောင်း သူက ယူကရိန်းကို ရည်ညွှန်းပြီး တိုက်တွန်းထားခဲ့ပါတယ်။

SpaceXက ကမ္ဘာပတ်လမ်းထဲမှာ ဖြန့်ကျက်ထားတဲ့ ဂြိုဟ်တုတွေဟာ ကမ္ဘာအနှံ့မှာ မြန်နှုန်းမြင့် အင်တာနက် ကွန်ရက်တွေကို ဖြန့်ကျက် ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ SpaceXဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်တဲ့ ပထမဆုံး နေ့ကတည်းက ယူကရိန်းနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေ စတင်ခဲ့ပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။