Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဦးဆောင်ကောင်စီ လမ်းကြောင်းနဲ့ ပူးပေါင်းမယ်လို့ ကရင်နီ KSCC ထုတ်ပြန်

ပြည်ထောင်စု အဆင့်နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ-Federal Steering Council (FSC) လမ်းကြောင်းနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)က တာဝန်ရှိသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KSCC

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်ထောင်စု အဆင့်နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ-Federal Steering Council (FSC) လမ်းကြောင်းနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုဆိုင်ရာကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ဖော်ပြထားရာ ရှေ့လုပ်ငန်းစဉ်တွေကို အခုလို အသိပေးခဲ့တာပါ။

ဖက်ဒရယ်ဦးဆောင်ကောင်စီမှာ ပူးပေါင်းဖို့အပြင် ကရင်နီပြည်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် နိုင်ဖို့အတွက်သက်ဆိုင်ရာ အင်အားစုတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာ၊ Multi Ethnic Federal Councils ရဲ့နိုင်ငံ ရေးဦးဆောင်မှုညှိနှိုင်းအစည်း အဝေးတွေမှာ ပါဝင်တာ၊ ဖက်ဒရယ် အသွင်ကူးပြောင်း ရေးအစီအမံများ ဆိုင်ရာ အခြေခံဥပဒေ (AFTA) မူကြမ်းရေးဆွဲတာတွေ ဆက်လက်ဆောင်ရွက်မယ်လို့လည်း KSCC က ရှေ့လုပ်ငန်းစဉ်တွေကို အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကိုင်းဒေသ၊ မန္တလေးဒေသ၊ မကွေးဒေသ ဖက်ဒရယ်ယူနစ်တွေနဲ့ တွေ့ ဆုံ ဆွေးနွေးနိုင်ဖို့ ပြင်ဆင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

KSCC ရဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုဆိုင်ရာကော်မတီဟာ ၂ဝ၂၅အတွင်း ကရင်နီပြည် အတွင်းရှိ ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတွေနဲ့ သော်လည်းကောင်း၊ အဖွဲ့ဝင် မဟုတ်သော အင်အားစု၊ အဖွဲ့အစည်းတွေနဲ့ သော်လည်းကောင်းနိုင်ငံရေးဆိုင်ရာတွေ့ဆုံ ဆွေး နွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးရာမှာ ပြည်နယ်ရဲ့ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးဆိုင်ရာဘုံသဘောထား ရပ်တည်ချက်တွေ ရရှိဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ ကြိုးပမ်းခဲ့တာလို့ အသိပေးပါတယ်။

ဖက်ဒရယ်ဦးဆောင်ကောင်စီကိစ္စအပါအဝင် တော်လှန်ရေးအောင်မြင်အောင်ဆင်နွှဲနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်၊ ကရင်နီ၊ချင်းနဲ့ ကချင် အဖွဲ့တွေ တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကပြောကြားထားသလို အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း နိုင်ငံရေးဦးဆောင်အဖွဲ့တခုဖြစ်ပေါ်လာရေး ကြိုးပမ်းနေကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာတော်လှန်ရေးတပ်ဖွဲ့​တွေနဲ့လူထုတစ်သားတည်းရှိနေတဲ့အကြောင်းပြသဖို့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း (၄)က ဒီဇင်ဘာ ၃ ရက်​နေ့မှာထုတ်ပြန်ပါတယ်။