Connect with us

Hi, what are you looking for?

သတင်း

အတွင်းရေးမှူးအဖွဲ့ဝင်ဦးအောင်ဆန်းမြင့်ကွယ်လွန်မှုဝမ်းနည်းကြောင်းSCEFထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

ဩဂုတ်၃၁၊၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

ဦးအောင်ဆန်းမြင့်ဟာ ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေစဉ် ဩဂုတ် ၃၀ရက် မွန်းလွဲပိုင်းမှာ ကွယ်လွန်ခဲ့တာလို့ KNPPက အသိပေးထားပါတယ်။

ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားကြောင်း သတင်းကို ကြားသိရတဲ့အတွက် ကရင်နီပြည်သူတွေ၊ ဦးအောင်ဆန်းမြင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းကြောင်းSCEFကဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“ယခုကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအတွက် အရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားခြင်းသည် ကရင်နီအမျိုးသားရေးလှုပ်ရှားမှုများအတွက်သာမက၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ထွန်းလာရေး အတွက် ကြိုးပမ်းလျက်ရှိသော မိမိတို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အတွက် ကြီးစွာသော ဆုံးရှုံးမှုတစ်ခုအဖြစ် ကမ္ဗည်းမော်ကွန်းတင်အပ်ပါသည်” လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ဦးအောင်ဆန်းမြင့်ဟာသူ့ရဲ့နောက်ဆုံးအချိန်ထိကရင်နီ ပြည်သူတွေဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက်သာမက၊ တိုင်းရင်းသား ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက်ပါ အသက်သွေးချွေးနဲ့အမျှ ပေးဆပ်ခဲ့သူဖြစ်ကြောင်းလည်းSCEFက ထုတ်ပြန်ပါတယ်။

ဦးအောင်ဆန်းမြင့်ရဲ့ မယိမ်းမယိုင်သော ယုံကြည်ချက်၊ ခိုင်မာပြတ်သားသောခံယူချက်တွေနဲ့ ဦးလည်မသုန် ကြိုးပမ်းထမ်းရွက်ခဲ့မှုတွေကို အစဉ်အမြဲ လေးစားဦးညွှတ်လျက် တန်ဖိုးထား အမှတ်ရနေမယ်လို့လည်း ဖော်ပြပါတယ်။

ဦးအောင်ဆန်းမြင့်ဟာ အသက် ၆၃နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်သူရဲ့ရုပ်ကလာပ်ကိုစက်တင်ဘာ၅ရက်မှာ ကရင်နီပြည်နယ်စပ်တနေရာမှာ မြေမြှုပ်သင်္ဂြိုလ်မယ်လို့ KNPPကဆွေမျိုးမိတ်ဆွေတွေနဲ့တော်လှန်ရေး အဖွဲ့အစည်းတွေကို အသိပေးထားပါတယ်။

အလားတူး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ကလည်း ကရင်နီခေါင်းဆောင် ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအ​ပေါ် ဝမ်းနည်းကြောင်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ပါတယ်။ဦးအောင်ဆန်းမြင့်ဟာ ကရင်နီလူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာသော နိုင်ငံရေးယုံကြည်ချက်တို့ဖြင့် ဘဝတစ်သက်တာလုံး ပေးဆပ်စတေးကာတစိုက်မတ်မတ်ကြိုးပမ်းအားထုတ်ခဲ့တဲ့ခေါင်းဆောင်တစ်ဦး ဖြစ်တယ် NUG က​ဖော်ပြပါတယ်။ NUCC ရဲ့ ထုတ်ပြန်ချက်မှာလည်း NUCC ကောင်စီဝင်တဦးဖြစ်တဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် မိသားစုနဲ့လုပ်ဖော်ကိုင်ဖက်များအတွက်သာမက ကရင်နီပြည်ရဲ့နိုင်ငံရေးနဲ့တော်လှန်ရေးလုပ်ငန်းစဉ်များအတွက်ပါကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အတွင်းရေးမှူးဦးအောင်ဆန်းမြင့် ကွယ်လွန်သွားတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင်တွေရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများ၊ သတင်းသမားများနဲ့ တွေ့ဆုံကာ SCEF စုဖွဲ့မှု အကြောင်း၊ ရှေ့လုပ်ငန်းစဉ် နဲ့ ရည်မှန်းချက်တွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

သတင်း

ဘတ်တံဆိပ်လို့ခေါ်တဲ့ တပ်ဖွဲ့အသီးသီးရဲ့ အဖွဲ့အစည်းအမှတ်တံဆိပ် လက်မောင်းတံဆိပ်တွေ မတူသော်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF)ရဲ့ အောက်မှာ အတူတကွ တိုက်ပွဲဝင်ကြမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။