Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ ကရင်နီဒေသခံပြည်သူတွေ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြ

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

မတ်-၁၄၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂက (ဗကသများအဖွဲ့ချုပ်)ဦးဆောင်ပြီး အခြေခံပညာကျောင်းသားများသမဂ္ဂတရပ်အား အသစ်ပြန်လည်ဖွဲ့စည်းပေးပြီး စစ်အာဏာရှင် အမြစ်ပြည်သည်အထိ ဆက်လက်တော်လှန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက နယ်မြေမတည်ငြိမ်တဲ့ကြားမှ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်က ကျေးရွာတစ်ရွာမှာလည်း ယမန်နေ့ (မတ်လ ၁၃)ကကျရောက်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ကရင်နီလူမှုသိပ္ပံကောလိပ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေက သမဂ္ဂစိတ်ဓာတ်၊ အစဉ်အလာ၊ သစ္စာဒိဌာန်တို့ကို ဦးတည်ပြီး ကျောင်းသားအရေးနဲ့ပညာရေး၊ လူအဖွဲ့အစည်းအရေးနဲ့ တော်လှန်ရေးအကြောင်းတို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်က ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် ကျေးရွာတွေကို ၁၀ ရက်ဆက် စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်ပြီး ဒေသခံ ပြည်သူတွေ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် သတိပြုကြဖို့ တော်လှန်ရေး အင်အားစုတွေ သတိပေး

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။