မတ်-၁၄၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂက (ဗကသများအဖွဲ့ချုပ်)ဦးဆောင်ပြီး အခြေခံပညာကျောင်းသားများသမဂ္ဂတရပ်အား အသစ်ပြန်လည်ဖွဲ့စည်းပေးပြီး စစ်အာဏာရှင် အမြစ်ပြည်သည်အထိ ဆက်လက်တော်လှန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက နယ်မြေမတည်ငြိမ်တဲ့ကြားမှ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
ကရင်နီပြည်နယ်က ကျေးရွာတစ်ရွာမှာလည်း ယမန်နေ့ (မတ်လ ၁၃)ကကျရောက်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ကရင်နီလူမှုသိပ္ပံကောလိပ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေက သမဂ္ဂစိတ်ဓာတ်၊ အစဉ်အလာ၊ သစ္စာဒိဌာန်တို့ကို ဦးတည်ပြီး ကျောင်းသားအရေးနဲ့ပညာရေး၊ လူအဖွဲ့အစည်းအရေးနဲ့ တော်လှန်ရေးအကြောင်းတို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။





















































