Connect with us

Hi, what are you looking for?

သတင်း

ကရင်နီနဲ့ စစ်ကိုင်းတိုင်းက တော်လှန်ပြည်သူတွေ ရှစ်လေးလုံး လှုပ်ရှားမှု ပြုလုပ်

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သြဂုတ် ၈၊၂၀၂၆။သုည/People’s Spring

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တနေရာမှာ (၃၈) နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို ကျေးလက်မြေအဖွဲ့က ဦးဆောင်ပြီး ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ကျောင်းသူ ကျောင်းသား လူငယ်တွေ၊ ဒေသခံတွေနဲ့အတူ လွိုင်နန်းဖမြို့နယ်အုပ်ချူပ်ရေးမှူးနဲ့ KSCC အဖွဲ့ကတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့နယ် နေရာအသီးသီးမှာလည်း စစ်ကိုင်းမြို့နယ် လူထုသပိတ်အင်အားစုက တော်လှန်ပြည်သူတွေက ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး (၃၈) နှစ်ပြည့်မြောက် လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒေသခံတော်လှန်ပြည်သူတွေက “ပုန်ကန်တော်လှန်စိတ်ကိုအမွေပေးကြ” ၊ “လူငယ်တွေကို နေရာပေးကြ” ၊ “၈၈ စိတ်ဓာတ်ဆွဲကိုင်တော်လှန်ကြ” စတဲ့ စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက “ရှစ်လေးလုံး အရေးတော်ပုံ” ၃၈ နှစ်ပြည့်အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် “မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” ခေါင်းစဥ်နဲ့ လူထုဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

ဘုတလင်မြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေနဲ့ ကျေးရွာ ( ၂ ) ရွာမှ ကျောင်းသားပြည်သူတွေက ရှစ်လေးလုံး အရေးတော်ပုံ ( ၃၈ ) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ပေးဆပ်သွားတဲ့မျိုးဆက်အတွက် ဒို့မျိုးဆက်က သွေးကြွေးဆပ်” စာသားနဲ့ လူထုလှုပ်ရှားမှု ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

တက်ရောက်လာသော ကျောင်းသားပြည်သူတွေကို ရှစ်လေးလုံး အရေးတော်ပုံနဲ့ပတ်သတ်ပြီး ရှင်းပြခြင်း၊ လက်ရှိနွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားကြဖို့ စည်ရုံးလှုံ့ဆော်ခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ – GSCB ၊ ကလေးမြို့နယ်လူထုသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။