Connect with us

Hi, what are you looking for?

သတင်း

ရှမ်း​တောင်က​နေ ကရင်နီပြည် စစ်​ကြောင်းထိုးတဲ့စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီးအထိနာ​နေ

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNDF

​မတ်-၂၀၊၂၀၂၆။ရဲ​ခေါင်/People’s Spring

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်ထဲက ဖရူဆို-ဘောလခဲ-ဖားဆောင်းကို စစ်တပ်က စစ်ကြောင်းထိုးရာ လမ်း ကြောင်းတစ်လျှောက်က မြို့တွေကို ထိန်းချုပ်နိုင်ပြီဆိုတာကတစ်ဖက်သက် ကြွေးကြော်နေတာလို့လည်း အသိပေးပါတယ်။

မတ်လ ၁၇ ရက်နေ့ကလည်း ထားလဲ -နန်းဖဲလမ်းမကြီးပေါ် စစ်ကြောင်းထိုးဖို့ လမ်းလုံခြုံရေး ယူနေတဲ့စစ်သားတွေကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ​ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီ တပ်ဘက်က ခုနှစ်ဦးဝန်းကျင်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက် ငါးလက်ရတယ်လို့ ဖော်ပြပါတယ်။

“KNDF(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) ရဲ့ တပ်ရင်း ၁၆ က စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ဖို့ လုပ်နေတဲ့အချိန် ရှေ့ပြေး စစ်ကြောင်းတွေ့ပြီး ပစ်ခတ်မှု ဖြစ်တာပေါ့”လို့ ဖြစ်စဥ်ကို သိရှိသူက လူထုနွေဦးကို ပြောထားပါတယ်။

​ဖေ​ဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း စစ်တပ်စစ် ကြောင်းကို နန်းဖဲကျေးရွာ အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့မှုက ထိခိုက်သေဆုံးသူအချို့ရှိခဲ့ပြီး လက်နက်ငယ်တစ်လက် သိမ်းရတယ်လို့ KNDF က ပြောပါတယ်။

“ဖရူဆို – မာခရော့ရှည် – ထားလဲ -နန်းဖဲ -ဘောလခဲ -ထူးချောင်း နဲ့ ဖားဆောင်း ထိ ဆက်သွယ်ရေးလမ်းမကို ပြန်ဖွင့်ဖို့က တကက ၁၄ (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း) မာခရော့ရှည် နဲ့ ထားလဲရွာကြား ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးစားနေတာ”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြေပြင်တိုက်ပွဲ မှာစစ်ကောင်စီဘက်က ထိခိုက် ​သေဆုံးမှုများပြားလို့ လေကြောင်းနဲ့ အရပ် သားတွေ၊ ပြည်သူတွေရဲ့ နေရာတွေကိုပါပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် သတိပြုဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကစပြီး ဟိုပုံး -ဆီဆိုင် ၊ပင်လောင်း-ဆောင်ပြောင်း-ဖယ်ခုံ -မိုးဗြဲ ၊ လွိုင်ကော်၊ဒီးမော့ဆို နဲ့ ဖားဆောင်းမြို့တွေကို ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် စစ်တပ်က ပြန်ထိန်းချုပ်ခဲ့ပါတယ်။

“ရန်နိုင်မင်းစစ်ကြောင်းထိုးမယ်ဆိုတဲ့အထဲမှာ မော်ချီးပါတယ်”လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ တွဲဖက်အတွင်းရေးမှူးဦးဗညားက ပြောပါတယ်။

လက်ရှိမှာ ဖားဆောင်းမြို့ကနေ ဖားဆောင်း-မော်ချီးလမ်းအတိုင်းစစ်တပ်က စစ်ကြောင်းထိုးဖို့စုဖွဲ့နေတာ ရှိပြီး နေ့စဥ်နီးပါး သတ္တုထွက်ရှိတဲ့မော်ချီး ဒေသကို စစ်တပ်ကလေကြောင်းအသုံးပြုပြီး ဗုံးကြဲတာ၊ကင်းထောက်တာတွေ ရှိနေပါတယ်။

ကရင်နီပြည်မှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေ ပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် (UKSA) ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက တိုက်တွန်း​နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။