Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မြို့အဝင် လမ်းပိုင်းမှာ ယာဉ်အချို့ကို သွားလာခွင့်ပိတ်ပင်

မန္တလေး – ပြင်ဦးလွင်လမ်းပိုင်းရဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ဖြတ်သန်းသွားလာတဲ့ ယာဉ်အချို့ကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက အခုရက်ပိုင်းတွေ အတွင်း သွားလာခွင့် တားဆီးပိတ်ပင်ထားတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်။

ဖေဖော်ဝါရီ – ၁၉ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မန္တလေး – ပြင်ဦးလွင်လမ်းပိုင်းရဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ဖြတ်သန်းသွားလာတဲ့ ယာဉ်အချို့ကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက အခုရက်ပိုင်းတွေ အတွင်း သွားလာခွင့် တားဆီးပိတ်ပင်ထားတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်။

ပြင်ဦးလွင်ကနေမန္တလေးဘက်အဆင်းလမ်းပိုင်းရဲ့ ၁၆ မိုင်ကနေ မန္တလေးမြို့အဝင်ထိကျောက်ကား၊သဲကား ၊မြေသယ်ကားတွေနဲ့ ဆိုင်ကယ်ဘေးတွဲ တွေကို ဖြတ်သန်းသွားလာခွင့် တားမြစ်ပိတ်ပင်တာပါ။

အဲဒီတားမြစ်မှုဟာဖေဖော်ဝါရီလ၁၈ ရက်ကနေ ၂၆ ရက်အထိဖြစ်ပြီး မန္တလေးမြို့ဆီ စစ်ကောင်စီခေါင်းဆောင်ပိုင်း လာရောက်ဖို့ ရှိတာကြောင့် လို့ မြို့ခံအချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တခြားကားတွေတော့ ပေးသွားတယ် ၊ အုန်းချောကနေ သယ်တဲ့ကားတွေပိတ်တာပါ ၊လူကြီး(စစ်ကောင်စီခေါင်းဆောင်ပိုင်း) လာမယ်ဆိုရင် ခဏခဏနားရတာ”လို့ ကျောက်သယ်ကားပိုင်ရှင်တစ်ဦးကပြောပါတယ်။

မန္တလေးမြို့ဆီ အာဏာသိမ်းစစ်ကောင်စီတပ်ဒုခေါင်းဆောင် လာရောက်မယ်လို့သတင်းတွေထွက်နေပါတယ်။

တဆက်တည်းမှာပဲ မန္တလေးမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်က စစ်ဆေးမှုပိုမိုတင်းကျပ်လာသလိုညဘက်တွေမှာလည်းကားတွေနဲ့ ကင်းလှည့်တာမျိုးရှိနေပါတယ်။

ပြင်ဦးလွင် – မန္တလေးလမ်းပိုင်းရှိ အုန်းချောရွာလမ်းပိုင်း (ပုံဟောင်း)

ဓာတ်ပုံ – ဝီကီ

ဆက်စပ်သတင်းများ