Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမှာစစ်တပ်ပစ်ခတ်လို့ ဒေသခံ ပြည်သူ၆ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊နတ်တလင်းမြို့နယ်မှာ စစ်တပ်ရဲ့ လက်ချက်ကြောင့် ဒေသခံ ၆ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

နတ်တလင်းမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူ​တွေ။(ပုံအဟောင်းဖြစ်ပါတယ်) ဓါတ်ပုံ-CJ

နိုဝင်ဘာ-၂၁၊ ၂၀၂၆။ဒလပန်း/People’s Spring

ပဲခူးတိုင်း၊နတ်တလင်းမြို့နယ်မှာ စစ်တပ်ရဲ့ လက်ချက်ကြောင့် ဒေသခံ ၆ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၁၇ရက်မှာရှားစေးဖို့ကျေးရွာမှာတပ်စွဲထားတဲ့စစ်တပ်က ကျောက်ခွက်ကျေးရွာနဲ့ အနီးအနားဝန်းကျင်ကို လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၆ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

“သေဆုံးတာကတခြားရွာကနွားပွဲစားလင်မယား၂ယောက်၊ ကိုသက်ကို၊ ကိုမင်းလတ်လင်မယား၂ယောက်ရယ် နောက်တစ်ယောက်ရယ် အားလုံးဆိုရင် ၆ ယောက်ပါ ထိခိုက်က ၅ ယောက်ပါ “လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် နိုဝင်ဘာ ၂၀ ရက်​နေ့ မနက်ပိုင်းမှာလည်း လယ်အင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်သား​တွေက လက်နက်ကြီး၊ဒရုန်းတွေနဲ့ပစ်ခတ်ကာ ဘန့်ဘွေကုန်းကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျောက်ခွက်ရွာကိုကျော်ပြီးဘန့်ဘွေးကုန်းရောက်လာတာပါ။အင်အားတစ်ရာကျော်ပါစစ်ကြောင်းပါ ရွာသားတွေကို ဖမ်းစီးထားပြီး ဖုန်းတွေသိမ်းထားပါတယ်။တချို့ရွာသားတွေက ထွက်ပြေးတိမ်းရှောင်နေရပါတယ်”လို့ ပြောပါတယ်။

အဲ့ဒီနောက် စစ်တပ်စစ်​ကြောင်းဟာ ဘန့်ဘွေကုန်းကျေးရွာမှာတပ်စွဲထားပြီး ညနေပိုင်းမှာတော့ကျေးရွာအတွင်းကနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကျောက်ခွက်ကျေးရွာနဲ့ ဘန့်ဘွေကုန်းကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

Facebook