နိုဝင်ဘာ – ၂၁၊ ၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
အာဏာသိမ်းမြန်မာစစ်အုပ်စုအနေနဲ့အာဆီယံအပါအဝင်အနောက်နိုင်ငံတွေနဲ့သံတမန်ဆက်ဆံရေးအဆင်မပြေချိန်မှာရန်ကုန်မြို့မှာရှိတဲ့တရုတ်သံရုံးကနေပြည်တော်မှာဆက်သွယ်ရေးရုံးသစ်ဆိုပြီး မနေ့( နိုဝင်ဘာ ၂၀ ရက်)မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။
အဲဒီရုံးသစ်ဖွင့်ပွဲကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်မစ္စမာကျားတက်ရောက်ပြီးစစ်အုပ်စုဘက်ကတော့နိုင်ငံခြားရေးဒုဝန်ကြီး တက်ရောက်တာတွေ့ရပါတယ်။
အခုလိုနေပြည်တော်ဆက်သွယ်ရေးရုံးသစ်ဖွင့်တာကတရုတ်နဲ့ မြန်မာစစ်အုပ်စုရဲ့ဝန်ကြီးဌာနတွေကြားဆက်သွယ်ရေးကိုပိုမိုအားကောင်းစေမှာဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

Public Service Announcement
နှစ်နိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုတွေလည်းပိုမိုပြီးနက်ရှိုင်းလာစေဖို့ ဆက် ဆံရေးရုံးသစ်ကအထောက်အကူဖြစ်စေမှာလို့လည်းဖော်ပြထားပါတယ်။

























































