Connect with us

Hi, what are you looking for?

သတင်း

သုံးလအတွင်း စစ်တပ်လက်ချက်ကြောင် ကျောက်ကြီး ဒေသခံ ၄၀ နီးပါးသေဆုံး

၂၀၂၆ ခုနှစ်ကစပြီး သုံးလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်လက်ချက်ကြောင့် ဒေသခံ ၃၈ ဦးသေဆုံးခဲ့ပြီး ၃၅ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ကြီးမြို့နယ်၊ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီက မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ။ ဓာတ်ပုံ - KNU

■စစ်ရှောင်ပြည်သူ ​ခြောက်ထောင်ကျော်အတွက် အ​ရေး​ပေါ်အကူ​အညီ​တွေလိုအပ်​နေ

မတ်-၂၉၊၂၀၂၆။ဒလပန်း/People’s Spring

၂၀၂၆ ခုနှစ်ကစပြီး သုံးလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်လက်ချက်ကြောင့် ဒေသခံ ၃၈ ဦးသေဆုံးခဲ့ပြီး ၃၅ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ကြီးမြို့နယ်၊ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီက မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ကပြည်သူလူထုအပေါ် ​လေ​ကြောင်းကဗုံးကြဲသလို ၊မြေပြင်က​နေလည်း လက်နက်ကြီးနဲ့ပစ်ခတ်အကြမ်းဖက်မှု​တွေပိုလုပ်လာတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီဘက်ကအခုဆိုရင်တော့စစ်ကြောင်းထိုးလာတယ်။ ဦးတည်တဲ့ ကျေးရွာတွေအပေါ်မှာတော့ ပစ်ခတ်တယ်။ ဒရုန်းနဲ့ပစ်တယ် ဟောင်ဝင်ဇာနဲ့ပစ်တယ်။ လေယာဥ်နဲ့ပစ်တယ်။ အဲ့လိုမျိုးမထင်ရင်မထင်သလို ရွာထဲပစ်ချရင်ပစ်ချတာပဲ။ပြည်သူလူထုအနေနဲ့ကတော့ လုံခြုံမှုတော့မရှိဘူး “လို့ကျောက်ကြီးမြို့နယ်၊ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်စပိုင်းကစပြီး စစ်တပ်က ကျောက်ကြီးမြို့နယ်အတွင်းကို မုန်း၊ နတ်သံကွင်းနဲ့ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းဘက်က ဦးတည်စစ်ကြောင်းထိုးတာတွေလုပ်ခဲ့ပါတယ်။

မတ််လ၁၉ရက်မှာနတ်သံကွင်းကစစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ဒရုန်းနဲ့ ဖိုးတကျေးရွာတွင်းကိုသုံးကြိမ် ကြဲခဲ့တဲ့အတွက် ဦးအောင်ကို၊ဦးနေဦး၊ဦးနိုင်လေး၊ ဦးတင်ဝင်း၊ဦးအောင်ကျော်မျိုး၊ဦးနိုင်မျိုးဝင်းတို့ရဲ့ နေအိမ်(၆)လုံး ထိမှန် ပျက်စီး ခဲ့ရပါတယ်။

ဒါအပြင် ရွှေတဲစုကျေးရွာအတွင်းကို ဒရုန်းနဲ့ (၆)ကြိမ် ထပ်မံလာရောက်ကျဲချခဲ့ရာဒေါ်အေးမာကြည်၊ဦးမောင်လှ၊ဦးကျော်အောင်၊ ဦးအီဘမှိုင်၊ ဒေါ်မာယာဘီ၊ဦးကော်ဘီ၊ဦးကျော်ငွေ နဲ့ ဦးထိန်ဝင်း တို့ရဲ့ နေအိမ် ရှစ်လုံး ထိမှန်ပျက်စီးခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီလို အရပ်သားပြည်သူတွေအပေါ် စစ်တပ်ရဲ့ တိုက်မှုတွေကြောင့် ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၃ ရွာက အိမ်ခြေ ၁၂၂၇ လုံး လူဦးရေ ၅၈၇၀ ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့သူတွေအတွက် ဆေးဝါးနဲ့ စာနပ်ရိက္ခာ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ စစ်​ဘေး​ရှောင်​တွေကိုကူညီသူတွေက ​ပြောပါတယ်။

“အခုဆိုရင် ကလေးသူငယ် သက်ကြီးရွယ်အိုတွေဆို ဒီရာသီဥတုက တအားပူပြင်းတယ်။ ပြီးတော့ နေရာထိုင်ခင်းကလည်းပြောရမယ်ဆိုရင်ကိုယ့်အိမ်ကိုယ့်ရာလိုမနေရတော့အခုဆိုရင်အစသဖြင့်လိုအပ်ချက်တွေကတော့ စားနပ်ရိက္ခာ ဆေးဝါး ပြောမယ်ဆိုရင် စားဝတ်နေရေးပေါ့ အဲ့တာတွေကတော့ အရေးကြီးလိုအပ်ချက်တွေပေါ့”လို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ တာဝန်ရှိသူကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို