Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကထိန်းချုပ်ထားတဲ့ငြိမ်းချမ်းရေးကိုစစ်မှန်တဲ့ငြိမ်းချမ်းရေးအဖြစ် KNU လက်မခံ

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

စက်တင်ဘာ – ၂၂ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

တရားမျှတမှု ၊ တန်းတူညီမျှမှု ၊လွတ်လပ်မှု ၊ လူ့အခွင့်အရေးတွေနဲ့အတူ လူထုရဲ့ဆန္ဒအပေါ် အခြေခံပြီးငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့လိုအပ်တယ်လို့ ပဒိုနော်လွဲထူးစေးက စက်တင်ဘာလ ၂၁ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာပြောလိုက်တာပါ။

စစ်တပ်ရဲ့ဖိနှိပ်မှုအောက်မှာ လူထုအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးရတာ ၊ အကြမ်းဖက်မှုတွေအောက်မှာ ဆက်လက်ရှင်သန်နေထိုင်ရတဲ့ကာလပတ်လုံး စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

KNU အနေနဲ့ ငြိမ်းချမ်းရေးကို ဆန့်ကျင်ခဲ့တာမရှိသလို တိုက်ပွဲဝင်နေတာကလည်း မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးပေါင်းစုံအတွက် ငြိမ်းချမ်းပြီး တရားမျှတမှုရှိကာဒီမိုကရေစီစနစ်ကျင့်သုံးနိုင်တဲ့ အနာဂတ်တည်ဆောက်နိုင်ဖို့ ဖြစ်တယ်လို့ အသိပေးပါတယ်။

“စစ်တပ်ကနေပြီးတော့မှ ထိန်းချုပ်ထားတဲ့ငြိမ်းချမ်းရေးကို စစ်မှန်သောငြိမ်းချမ်းရေးအဖြစ် လက်ခံမှာမဟုတ်ပါဘူး” လို့ ပဒိုနော်လွဲထူးစေးက ပြောပါတယ်။

ဒါကြောင့် KNU အနေနဲ့ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေမယ့်လုပ်ငန်းစဉ်တွေအစား အဓိပ္ပာယ်ပြည့်၀ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆီကို ဦးတည်စေမယ့် အဖြေကိုရှာဖို့ကိုသာ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ပဒိုနော်လွဲထူးစေးက ဆိုပါတယ်။

အရပ်သားပြည်သူတွေ စစ်ရေးအရ တိုက်ခိုက်ခံနေရတာ ၊ နေရပ်စွန့်ခွာထွက်ပြေးနေရတာ ၊ ကန့်သတ်ချုပ်ခြယ်ခံနေရတာ ၊ စိုးရိမ်ကြောက်ရွံ့မှုတွေကြားမှာ ဆက်ပြီးရှိနေသမျှ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖြစ်လာမှာမဟုတ်ဘူးလို့ လည်း ထောက်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ကဦးစီးနေတဲ့နိုင်ငံရေးဆွေးနွေးမှုတွေကနေ ငြိမ်း ချမ်းရေးရစေနိုင်တာ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေကိုဖြေရှင်ပေးနိုင်တယ်ဆိုတဲ့ အယူအဆကိုလည်း KNU က လက်ခံမှာမဟုတ်ဘူးလို့ဆိုပါတယ်။

မြန်မာနိုင်ငံအတွက်စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာတိုင်းရင်သားလူမျိုးတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပဋိပက္ခဒဏ်ခံစားနေရသူတွေရဲ့ ပြည့်၀တဲ့ ပါဝင်ဆောင်ရွက်မှုတွေပါဝင်ဖို့လိုတယ်လို့ပဒိုနော်လွဲထူးစေးကထောက်ပြပါတယ်။

“ငြိမ်းချမ်းရေးကို အထက်အောက်အမိန့်ပေးစနစ်ဖြင့် ကြေညာ၍မရနိုင်ပါ၊ပြည်သူလူထုထံမှ ဆင်းသက်လာပြီးတော့ အောက်ခြေကနေပြီးမှ အထက်သို့ တည်ဆောက်ယူရမယ့်စနစ်ဖြစ်ပါတယ်” လို့ ပဒိုနော်လွဲထူးစေးကပြောပါတယ်။

KNU အနေနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေသလို ပဋိပက္ခဖြစ်ပွားရတဲ့အဓိကအကြောင်းအရင်းကို ဖြေရှင်းဆောင်ရွက်နိုင်မှုမရှိဘဲ ၊ နိုင်ငံရေးအရ အပြောင်းအလဲမရရှိဘဲ နဲ့ လက်နက်ကိုင်ခုခံတော်လှန်မှုကို ရပ်တန့်လိုက်ရုံနဲ့တော့ ပဋိပက္ခရဲ့အခြေခံအကြောင်းရင်းကိုမဖြေရှင်းနိုင်ဘူးလို့လည်းပဒိုနော်လွဲထူးစေးက ထပ်မံအသိပေးသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

Facebook