Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီ ဖွဲ့စည်းကြောင်း KNU ကြေညာ

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

(ကရင်ပြည်နယ်စစ်ဘေးရှောင်စခန်းရှိ ကလေးငယ်များ။ ဓာတ်ပုံ - SBS)

စက်တင်ဘာ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆရာမ နော်ဖောမူးကို တာဝန်ပေးခန့်အပ်ခဲ့ပြီး ဒုဥက္ကဋ္ဌအဖြစ် ဆရာစောကပီ၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာ စောဟေဆိုသာကို တို့အား တာဝန်ပေးအပ်ထားကြောင်း အသိပေးပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ ကောင်စီအနေနဲ့ ကော်သူးလေပြည်သူများ(KNU အုပ်ချုပ်နယ်မြေအတွင်းရှိ ပြည်သူများ)အတွက် ပညာရေးအခွင့်အလမ်းများ တိုးချဲ့ပေးခြင်း၊ အဆင့်မြင့် ပညာရေးအဖွဲ့ အစည်း များရဲ့ စွမ်းဆောင်ရည်ကို အားကောင်းစေခြင်းနဲ့ ပြည်သူများရဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးဖွံ့ ဖြိုးတိုး တက်မှုတို့အတွက် အထောက်အကူပြုရန် ရည်ရွယ်ဆောင်ရွက်သွား မယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ကောင်စီရဲ့ လုပ်ငန်းတာဝန်များ ထိရောက်စွာအကောင်အထည်ဖော်နိုင်ဖို့ စံနှုန်းသတ်မှတ်ခြင်းနဲ့ အသိအမှတ်ပြုခြင်းကော်မတီ ၊ အရည်အသွေး အာမခံရေးကော်မတီ၊ သုတေသန၊ စည်းရုံးလှုံ့ဆော်ရေးနဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ စတဲ့ ကော်မတီ သုံးရပ်ကို ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျပ်အတည်းများနဲ့ အခြားသော စိန်ခေါ်မှုများစွာ ရှိနေပေမဲ့ ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီ (KCHE) ကို ဖွဲ့စည်းတည်ထောင် နိုင်ခြင်းဟာ ကော်သူးလေအတွင်းနဲ့ ပြင်ပရှိ အဆင့်မြင့်ပညာရေး အုပ်ချုပ်မှုစနစ်၊ ပညာရေးအရည်အသွေး၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို အားကောင်းစေရေး အတွက် အရေးပါတဲ့ မှတ်တိုင်တစ်ရပ် ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီဟာ အဆင့်မြင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်း ဆောင် ရွက်ခြင်းနဲ့ မူဝါဒချမှတ်ရေးဆိုင်ရာ အခန်းကဏ္ဍများကို အဓိကတာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီ ဖွဲ့စည်းတည်ထောင်ခြင်းဟာ ခိုင်မာပြီး အားလုံးပါဝင်နိုင်တဲ့ ဒေသတွင်းအဆင့်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် အဆင့်မြင့်ပညာရေး စနစ်တစ်ရပ် တည် ဆောက်ဖော် ဆောင်ရန် ထားရှိထားသော ကတိကဝတ်နဲ့ ကြိုးပမ်းအားထုတ်မှုများကို ဖော်ပြတဲ့ အရေးပါသော ခြေလှမ်း တစ်ရပ် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။