Connect with us

Hi, what are you looking for?

သတင်း

အကျဉ်းကျနေသူ ၃၈ဦးကို မိသားစုနဲ့ ပြန်ပေါင်းစည်းနိုင်ဖို့ KNU လွတ်ငြိမ်းချမ်းသာပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဖားအံခရိုင်အတွင်း ဖားအံခရိုင် အကျဉ်းထောင်က အကျဉ်းသူ၊ အကျဉ်းသား ၃၈ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

(KNUက တာဝန်ရှိသူတွေနဲ့ လွတ်ငြိမ်းခွင့်ရတဲံ အကျဉ်းသူ၊ အကျဉ်းသား ၃၈ ဦး။ ဓာတ်ပုံ − KNU)

ဧပြီ−၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဖားအံခရိုင်အတွင်း ဖားအံခရိုင် အကျဉ်းထောင်က အကျဉ်းသူ၊ အကျဉ်းသား ၃၈ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဧပြီ ၆ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပြီး မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ရည်ရွယ်ကြောင်း ဖော်ပြထားပါတယ်။

ဒီလို လွှတ်ပေးရာမှာ အကျင့်စာရိတ္တကောင်းမွန်သူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေကို ဦးစားပေး စိစစ်ရွေးချယ်လွှတ်ပေးခဲ့တာလို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေအနေနဲ့ နောက်နောင်မှာ ပြစ်မှု ထပ်မံကျူးလွန်မှု မရှိစေရေး တာဝန်ရှိသူတွေက ဩဝါဒပေးတာ ပြုလုပ်ခဲ့သလိုခရီးစရိတ်နဲ့ စားစရိတ်ထောက်ပံ့တာ၊ ရပ်ရာတွေကို ဘေးကင်းစွာ ရောက်ရှိနိုင်ရေး စီစဉ်ပေးတာ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

KNU အနေနဲ့ အရင်ကလည်း အကျဉ်းသားတွေကို အခုလိုလွတ်ငြိမ်းချမ်းသာခွင့်ပေးတာမျိုး ပြုလုပ်ခဲ့ဖူးပါတယ်။

၂၀၂၆ ဖေဖော်ဝါရီ ၂၃ရက်ကလည်း KNU တပ်မဟာ(၆) ဒူးပလာယာခရိုင် အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၁၀၄ဦးကို KNU ဗဟို ဥက္ကဋ္ဌ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

အဲဒီလို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ မုဒိမ်းလူသတ်မှု၊ မုဒိမ်းမှုနဲ့ မူးယစ်ဆေးဝါးမှုမှာထောင်ဒဏ် ၇နှစ်အထက်ကျူးလွန်သူတွေပါဝင်ခြင်းမရှိပါဘူး။ အကျဉ်းကျနေသူတွေအနေနဲ့ မိမိအမှားတွေကိုသင်ခန်းစာယူပြီး စည်းကမ်းလိုက်နာရင် လျှော့ရက်တွေ ပေးထားတယ်လို့လည်း KNUက အသိပေးထားပါတယ်။ စည်းကမ်းလိုက်နာပြီး ကောင်းမွန်စွာ နေထိုင်သူတွေအနေနဲ့ နောက်ထပ်လွတ်ငြိမ်းခွင့်နဲ့ အခါအခွင့်သင့်ရင် အခွင့်အရေးတွေ ထပ်မံ ရရှိနိုင်မယ်လို့ KNUက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို