Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မေလ ပထမဆုံး သီတင်းပတ်အတွင်း နိုင်ငံခြားသား ကျားဖြန့် အလုပ်သမား ၂၆၀ ကျော်ကို သီရိလင်္ကာ ဖမ်းဆီး

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AFP

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အာရှတောင်ပိုင်းက ကျွန်းနိုင်ငံလေးဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အဲဒီ ဆိုက်ဘာ ရာဇဝတ်မှုတွေကို ပိုပြီး ဖိဖိစီးစီး ချိုးနှိမ်တိုက်ဖျက်ဖို့ ကြိုးစားလာခဲ့သလို နိုင်ငံအနှံ့မှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေကို ရှာဖွေ ရှင်းလင်းလာခဲ့ပါတယ်။

မေလ ၇ ရက်နေ့တုန်းက ကျားဖြန့် တိုက်ဖျက်ရေး မစ်ရှင်ရဲ့ နောက်ဆုံး စစ်ဆင်ရေး တစ်ခုအတွင်း တရုတ်နဲ့ ဗီယက်နမ် နိုင်ငံသား ၃၀ ကို ဖမ်းဆီး ရမိခဲ့ကြောင်း သီရိလင်္ကာ အာဏာပိုင်တွေက ပြောပါတယ်။ ဒါကြောင့် အဲဒီ အမှုတွေနဲ့ ပတ်သက်လို့ မေလရဲ့ ပထမဆုံး ၇ ရက်တာအတွင်း ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသား အရေအတွက်ဟာ ၂၆၁ ဦးထိ ရှိလာပြီလို့လည်း ရဲတွေက မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ ကျားဖြန့်တိုက်ဖျက်ရေး မစ်ရှင်ကတော့ မြို့တော် ကိုလံဘိုနားက ဝီရာဟာရဆိုတဲ့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုထဲမှာ ဖြစ်ပါတယ်။ မေလ ၆ ရက်နေ့တုန်းကလည်း ကိုလံဘိုရဲ့ တစ်နေရာမှာ ကျားဖြန့် ဝန်ထမ်း ဗီယက်နမ် ၇၄ ဦးကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အွန်လိုင်း ကျားဖြန့်လုပ်ငန်းတွေဟာ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ ဆုံးရှုံးစေတဲ့ ဒုစရိုက် ကွန်ရက်ကြီးတွေအဖြစ် ကြီးထွားလာတဲ့နောက် နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာပါတယ်။ အဲဒီ ဒုစရိုက် လုပ်ငန်းတွေဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှက ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပုန်းခိုပြီး လုပ်ငန်း လည်ပတ်နေကြပါတယ်။

မေလ ၃ ရက်နေ့တုန်းကလည်း သီရိလင်္ကာဟာ ကျားဖြန့်လုပ်ငန်း နေရာနှစ်ခုကို စီးနင်းခဲ့ပြီး နိုင်ငံခြားသား ၁၅၇ ဦးလောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ကျားဖြန့်ဝန်ထမ်း နိုင်ငံခြားသားတွေဟာ များသောအားဖြင့် ကမ္ဘာလှည့် ခရီးသွား ဗီဇာတွေနဲ့ ပြည်တွင်းကို ဝင်ရောက်လာကြပြီး တရားမဝင် အလုပ်ဝင်လုပ်ကြကြောင်း၊ တချို့ကတော့ ဗီဇာသက်တမ်း ကျော်လွန်သွားပြီးတဲ့ထိ အိုဗာစတေးအဖြစ် ဆက်လက် နေထိုင်ကြကြောင်း သီရိလင်္ကာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖရိုင်းဒရစ် ဝုထ်လာက ပြောကြားခဲ့ပါတယ်။

ကိုလံဘိုမှာရှိတဲ့ ခရိုင် တရားသူကြီး တစ်ဦးက မြို့တော်ရဲ့ ကိုလူပီတီယာ ဧရိယာမှာရှိတဲ့ ကျားဖြန့် စင်တာကို ဝင်ရောက်စီးနင်းဖို့ ခွင့်ပြုဝရမ်း ထုတ်ပေးခဲ့တဲ့နောက် ရဲတွေက ဗီယက်နမ် ၇၄ ဦးကို ဖမ်းဆီးပြီး ကျားဖြန့် လုပ်ငန်းသုံး မိုဘိုင်းဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ဖမ်းမိသူတွေ အားလုံးဟာ အသက် ၁၉ နှစ်နဲ့ ၃၉ နှစ်ကြား အရွယ်တွေလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်လလောက်ကလည်း တရုတ်နိုင်ငံသား အများစု အပါအဝင် နိုင်ငံခြားသား ၁၅၂ ဦးကို နိုင်ငံ အနောက်မြောက်ပိုင်း တစ်နေရာမှာ ကျားဖြန့်လုပ်ငန်း ဆောင်ရွက်မှုတွေအတွက် အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အလားတူ မတ်လထဲမှာလည်း တရုတ် ၁၃၅ ဦးဟာ အလားတူ စွပ်စွဲချက်အတွက် အဖမ်းခံရပြီး တရုတ်နိုင်ငံဆီ ပြန်ပို့တာ ခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်တုန်းက သီရိလင်္ကာ အာဏာပိုင်တွေဟာ ကျွန်းနိုင်ငံရဲ့ နေရာအနှံ့မှာ ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ် ၂၃၀၊ အိန္ဒိယ နိုင်ငံသား ၂၀၀ တို့ကို ဖမ်းဆီးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။