Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်စွဲချက်နဲ့ စစ်တပ်သစ္စာခံကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်ကိုတရုတ်သေဒဏ်ချ

အာဏာသိမ်းမြန်မာစစ်တပ်ရဲ့လက်အောက်ခံတပ်ဖြစ်တဲ့ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်အပါအဝင်ကိုးကန့် ဝေမိသားစုဝင်သုံးဦးကို ကျားဖြန့်အမှုနဲ့တရုတ်တရားရုံးကဒီနေ့ (အောက်တိုဘာလ ၁၃ ရက်)မှာ သေဒဏ်ချလိုက်ပါတယ်။

အောက်တိုဘာ – ၁၃ ၊၂၀၂၆

အာဏာသိမ်းမြန်မာစစ်တပ်ရဲ့လက်အောက်ခံတပ်ဖြစ်တဲ့ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်အပါအဝင်ကိုးကန့် ဝေမိသားစုဝင်သုံးဦးကို ကျားဖြန့်အမှုနဲ့တရုတ်တရားရုံးကဒီနေ့ (အောက်တိုဘာလ ၁၃ ရက်)မှာ သေဒဏ်ချလိုက်ပါတယ်။

အွန်လိုင်းကနေငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့တရားမဝင် လောင်း ကစားလုပ်ငန်းတွေကို ကြိုးကိုင်နေတယ်ဆိုတဲ့စွဲချက်နဲ့ မြန်မာနိုင်ငံ အခြေစိုက်ကိုးကန့်ဝေမိသားစုရဲ့ခေါင်းဆောင်ပိုင်းသုံးဦးကို တရုတ်က သေဒဏ်အမိန့်ချလိုက်တာပါ။

စီရင်ချက်တွေကိုချွန်ကျိုးမြို့အလတ်တန်း ပြည်သူ့တရားရုံးနဲ့ နန်အန်းမြို့ ပြည်သူ့တရားရုံးတို့က အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သေဒဏ်ချခံရသူတွေဟာဝေစန်း ၊ ကောင်းမင် နဲ့လျိုကျင်းဖန်းတို့ ဖြစ်ပါတယ်။

တရုတ်ရဲ့ စွဲချက်မှာတော့ ကျားဖြန့် လုပ်ပြီး တရုတ်နိုင်ငံသားတွေဆီကနေ ယွမ်ငွေ ၂၄ ဘီလီယံကျော်ကိုလိမ်လည်တာ၊ တရုတ်နိုင်ငံသား နှစ်ဦးကို သေဆုံးစေတဲ့အမှုတွေ ပါဝင်တယ်လို့ဆိုထားတာပါ။

ဝေစန်းဟာစစ်တပ်ရဲ့လက်အောက်ခံကိုးကန့် ပြည်သူ့စစ်အဖွဲ့ ရဲ့ခေါင်း ဆောင်ဖြစ်သလို ကြံခိုင်ရေးပါတီရဲ့ ကိုးကန့်ဒေသ ၊ကုန်းကြမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါ။

မြန်မာဘက်ခြမ်းကိုးကန့်ဒေသမှာ ကျားဖြန့်လုပ်ငန်းတွေကိုလုပ်ကိုင်ပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်မှုကြောင့် ကိုးကန့်မိသားစုကြီးလေးစုဖြစ်တဲ့ ပယ်၊ဝေ၊မြီနဲ့လျို မိသားစု တွေကိုတရုတ်အစိုးရက ဝရမ်းထုတ်ခဲ့တာပါ။

ကျားဖြန့်မလုပ်ဖို့အဲဒီမိသားစုကြီးတွေကိုတွေ့ဆုံဆွေးနွေးဖျောင်းဖျပေမယ့် နားမထောင်ခဲ့ဘူးဆိုတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုးကန့်ဒေသ ကျားဖြန့်ဖြိုခွင်းမှုမှတ်တမ်းကိုတရုတ်အစိုးရပိုင် CCTV က ထုတ်လွှင့်ရာမှာထည့်သွင်းဖော်ပြခဲ့ပါတယ်။

အဲဒီမိသားစုတွေထဲမှာခေါင်းဆောင်ပိုင်းတွေဟာသစ္စာခံတွေဖြစ်ပေမယ့် မြန်မာအာဏာသိမ်းစစ်တပ်ကနေပြည်တော်ကနေတရုတ်လက်ထဲအပ်ခဲ့တာပါ။

အဲလို တရုတ်လက်အပ်ခံရသူတွေထဲမှာ ဒီနေ့သေဒဏ်ချခံရတဲ့ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေစန်းလည်းပါဝင်ခဲ့ပါတယ်။

အခုနှစ်ဇန်နဝါရီလ ကုန်ပိုင်းမှာတော့ မြီမိသားစုရဲ့ သားဖြစ်သူ၊ မြေးမ အပါအဝင် ၁၁ ဦးကို တရုတ်တရားရုံးက သေဒဏ်ပေးပြီး ကွပ်မျက်ခဲ့ပါတယ်။

ကိုးကား – China News

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေးကို ထိန်းသိမ်းထားတာကြောင့် ပါရာဂွေးနဲ့ ဘီလစ်ဇီ နိုင်ငံတွေရဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေကို တရုတ်က ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်း အရှေ့ပိုင်းမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုတွေအတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေကြောင်း အမေရိကန်က ဝေဖန် ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲ ရာထူးနေရာအတွက် အမျိုးသမီး တစ်ဦးကို တရုတ်က အဆိုပြုလိုက်ပါတယ်။

Facebook