Connect with us

Hi, what are you looking for?

သတင်း

ထိုင်ဝမ်နိုင်ငံသား သုံးဦး မြန်မာနိုင်ငံမှာ ကျားဖြန့်မှုနဲ့ တရားစွဲခံထားရတယ်လို့ဆို

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

(ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရှိုကောင်ဝေ။ ဓာတ်ပုံ - Rti News)

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့မှာ အာဏာသိမ်း မြန်မာစစ်တပ်က ပြဋ္ဌာန်းလိုက်တဲ့ ကျားဖြန့်တိုက်ဖျက်ရေး ဥပဒေ စည်းမျဉ်းသစ်တွေဟာ နိုင်ငံခြားသားတွေကိုပါ အရေးယူနိုင်ပြီး သေဒဏ်ထိ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်ကြောင်း MOFAရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရှိုကောင်ဝေက ပြောပါတယ်။

ရှိုက မြန်မာနိုင်ငံမှာ ကျားဖြန့်မှုနဲ့ ဖမ်းဆီးပြီး တရားစွဲဆို ခံထားရတဲ့ နိုင်ငံခြားသားတွေထဲမှာ ထိုင်ဝမ်က ၃ ဦး ပါဝင်နေတာကို သိရှိထားတယ်လို့လည်း ဆိုပါတယ်။ ဥပဒေသစ် ထွက်ပေါ်လာတဲ့နောက်ပိုင်း မြန်မာအာဏာပိုင်တွေဟာ ကျားဖြန့်နဲ့ ဆက်စပ်တဲ့ နိုင်ငံခြားသားတွေကို အရင်လိုမျိုး လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေနဲ့ တရားစွဲတာ၊ နယ်နှင်တာတွေလောက်နဲ့ မကိုင်တွယ်တော့ဘဲ ပြင်းပြင်းထန်ထန် အရေးယူဖို့ စီစဉ်လာကြောင်းလည်း သူက မှတ်ချက်ပေးသွားပါတယ်။

သူက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းမှာလည်း ဩဂုတ် ၂၈ ရက်နေ့ကစလို့ တင်းကျပ်လိုက်တဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ထိုင်ဝမ်နိုင်ငံသားတွေ သတိထားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ထိုင်းရဲ့ စည်းမျဉ်းသစ်တွေအရ ကျင့်ဝတ်စည်းမျဉ်းနဲ့ ဥပဒေ ချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို အစိုးရက ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ နှင်ထုတ်ဖို့ လုပ်ပိုင်ခွင့်မျိုး ရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဟာ ထိုင်ဝမ်အပါအဝင် နိုင်ငံပေါင်း ၆၀ လောက်က နိုင်ငံခြားသားတွေကို ဗီဇာကင်းလွတ် နေထိုင်ခွင့် ရက်ပေါင်း ၆၀ ခွင့်ပြုထားရာကနေ ရက် ၃၀ ကို လျှော့ချဖို့လည်း စီစဉ်ထားပြီး အဲဒီသတ်မှတ်ချက်ဟာ မကြာခင် အသက်ဝင်တော့မယ်လို့လည်း ရှိုက ပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံကို ခရီးသွားမယ့် ထိုင်ဝမ်နိုင်ငံသားတွေ အနေနဲ့ မထွက်ခွာခင် ကတည်းက စည်းမျဉ်း အပြောင်းအလဲတွေကို ပြန်လည် ဆန်းစစ်ကြဖို့၊ ဗီဇာကင်းလွတ် ပြည်ဝင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး တရားမဝင်တဲ့ ကိစ္စတွေ မကျူးလွန်ကြဖို့လည်း MOFAက သတိပေးသွားပါတယ်။

နယ်စပ်ဖြတ်ကျော် ကျားဖြန့်ကွက်ရက်တွေကို တိုက်ဖျက်ရေးဟာ ဒေသတွင်းနိုင်ငံတွေကြား ဘုံသဘောတူညီချက်တစ်ရပ် ဖြစ်လာတာနဲ့အမျှ အရှေ့တောင်အာရှနိုင်ငံတချို့ဟာ အဲဒီဒုစရိုက် လုပ်ငန်းတွေအပေါ် ပိုပြီး အားစိုက်ခွန်စိုက် ဖြိုခွင်းလာနေကြောင်းလည်း ရှိုက ပြောကြားသွားပါတယ်။

ကိုးကား Taipei Times

ဆက်စပ်သတင်းများ

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...