Connect with us

Hi, what are you looking for?

News

လေးကေ့ကော်တိုက်ပွဲကြောင့် စစ်ရှောင် ၈၀၀ ကျော် ထိုင်းဘက်သို့ တိမ်းရှောင်၊ မွေးမြူရေးခြံများ၌ ယာယီခိုလှုံနေ

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့၏ လေးကေ့ကော်ဒေသ တိုက်ပွဲကြောင့် ဒေသခံထောင်နှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြရပြီး ယင်းအနက် ၈၀၀ကျော်သည် သောင်ရင်းမြစ်ကို ကူးကာ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာသည်ဟု မဲဆောက်အခြေစိုက် ကရင်တိုင်းရင်းသားတစ်ဦးက ပြော သည်။

စစ်ရှောင်များသည် မဲဆောက်မြို့နယ် မဲ့ကိုကင် ကျေးရွာရှိ မွေးမြူရေးခြံများ၌ ယာယီခိုလှုံနေကြောင်း ၎င်းကဆိုသည်။

“အခု ၈၀၀ ကျော်ရှိပြီ။ လောလောဆယ် ထိုင်းကလည်း ကျွေးထားတာပေါ့။ အဲဒီ အဆောက်အဦတွေက ကိုဗစ်မဖြစ်ခင်က ထိုင်းနဲ့ မြန်မာနဲ့ ကုန်သွယ်တော့ အဲဒီမှာ ကျွဲ၊နွား၊ ဆိတ်တွေထားတဲ့ ဂိုဒေါင်။ အဲဒီမှာက နှစ်နှစ်ရှိပြီလေ အဲဒီ ဂိုဒေါင်တွေက လူမှမရှိတာ အဲဒီမှာ ခဏထားထားတာ”ဟု ကရင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၄ရက်တွင် KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်ဒေသသို့ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီး အဆိုပါဒေသ၌ ခိုလှုံနေသူများကို ဖမ်းဆီးခဲ့သည်။ ထိုသို့ဝင်ရောက် ဖမ်းဆီးမှုကြောင့် ဒီဇင်ဘာ ၁၅ရက်တွင် KNUနှင့် တိုက်ပွဲစတင်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ တိုက်ပွဲကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိပြီး လေးကေ့ကော် မြို့နှင့် အနီးဝန်းကျင်ရှိ ဒေသခံများ စုစုပေါင်း လူဦးရေ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။